အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချ ပါ၏။ ကျွန်တော်မျိုးသည်သီချင်းဆို၍ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။ အို ငါ့ဝိညာဉ်၊နိုးထလော့။
ဆာလံ 16:9 - Common Language Bible သို့ဖြစ်၍ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက် ပါ၏။ ကျွန်တော်မျိုးသည်ဘေးကင်းလုံခြုံလျက်ရှိပါ၏။ Garrad Bible သို့ ဖြစ်၍၊ ငါ့ စိတ် နှ လုံး ဝမ်း မြောက် လျက်၊ ငါ့ ဝိ ညာဉ် သည် ရွှင် လန်း ပါ ၏။ ငါ့ ကိုယ် ခ န္ဓာ လည်း လုံ ခြုံ စွာ တည်း ခို ပါ လိမ့် မည်။ Judson Bible ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး၊ ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ဝမ်းမြောက်၍ ငါ၏ဝိညာဉ်သည်ရွှင်လန်း၏။ ငါ၏ကိုယ်ခန္ဓာသည်လည်း ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ |
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချ ပါ၏။ ကျွန်တော်မျိုးသည်သီချင်းဆို၍ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။ အို ငါ့ဝိညာဉ်၊နိုးထလော့။
သို့ဖြစ်၍ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေမည် မဟုတ်ပါ။ ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကျေးဇူး တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
အို ငါ့ဝိညာဉ်၊နိုးထလော့။ ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။
မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
``ဒံယေလ၊ သင်သည်လည်းအဆုံးတိုင်အောင် သစ္စာရှိလော့။ ထိုနောက်သင်သည်သေလိမ့်မည်။ သို့ရာတွင်သင်သည်ကပ်ကာလကုန်ဆုံးချိန် ၌ ဆုတော်လာဘ်တော်ကိုခံယူရန်ရှင်ပြန် ထမြောက်လိမ့်မည်'' ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသား သောအနာဂတ္တိကျမ်းပြီး၏။
သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။