``ငါ့ထံသို့ချဉ်းကပ်၍ကိုးကွယ်ဝတ်ပြုလော့'' ဟု ကိုယ်တော်ရှင်မိန့်တော်သည်အတိုင်း အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ချဉ်းကပ် ပါမည်။
ဆာလံ 16:2 - Common Language Bible ``ကိုယ်တော်သည်ကျွန်တော်မျိုး၏အရှင် ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးခံစားရသောကောင်းကျိုးချမ်းသာ ဟူသမျှသည် ကိုယ်တော်ပေးသနားတော်မူသောအရာများ ဖြစ်ပါ၏'' ဟု ထာဝရဘုရားအားငါလျှောက်ထား၏။ Garrad Bible ကိုယ် တော် မှ တစ် ပါး၊ ချမ်း သာ ရာ ချမ်း သာ ကြောင်း မ ရှိ။ အ ကျွန်ုပ် အ ရှင် ပေ တည်း ဟု ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ ငါ နှစ် သက် မွေ့ လျော် ရာ လူ မြတ် ပေ တည်း ဟု၊ မြေ ကြီး ပေါ် ရှိ သန့် ရှင်း သူ တို့ အား လည်း ကောင်း ငါ ဝန် ခံ ခဲ့ ပြီ။ Judson Bible ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။ မြန်မာ့စံမီသမ္မာကျမ်း ငါသည်ထာဝရဘုရားအား “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားရှင်ဖြစ်တော်မူ၏။ ကိုယ်တော်မှတစ်ပါး အခြားသောကောင်းကျိုးချမ်းသာ အကျွန်ုပ်၌မရှိပါ”ဟု လျှောက်၏။ |
``ငါ့ထံသို့ချဉ်းကပ်၍ကိုးကွယ်ဝတ်ပြုလော့'' ဟု ကိုယ်တော်ရှင်မိန့်တော်သည်အတိုင်း အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ချဉ်းကပ် ပါမည်။
သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။
ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
သူသည်ငါ့အား`ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အဖ၊ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးခိုလှုံရာ၊ကျွန်တော်မျိုး၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏' ဟူ၍လျှောက်ထားလိမ့်မည်။
``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကွယ်ကာရာ၊ ကျွန်တော်မျိုးခိုလှုံရာရဲတိုက်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူ၍ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏'' ဟူ၍ ထာဝရဘုရားအားလျှောက်ထားနိုင်လိမ့်မည်။
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။
ကိုယ်တော်ကကျေးဇူးဆပ်တော်မူရအောင် အဘယ်သူသည်ကိုယ်တော်အားကျေးဇူးပြုဖူး သနည်း'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-