သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
ဆာလံ 150:4 - Common Language Bible ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။ Garrad Bible ပတ် သာ တီး လျက် က ခုန် လျက် ချီး မွမ်း ကြ လော့။ ကြိုး တပ် တူ ရိ ယာ မျိုး များ ကို တီး ၍၊ နှဲ ခ ရာ မှုတ် လျက် ချီး မွမ်း ကြ လော့။ Judson Bible ပတ်သာတီးလျက်၊ ကခုန်လျက်နှင့် ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တူရိယာကိုတီးလျက်၊ နှဲခရာကိုမှုတ်လျက် ချီးမွမ်းကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ပတ်သာတီးလျက်၊ ကခုန်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ ကြိုးတပ်တူရိယာများတီးလျက်၊ ပလွေများမှုတ်လျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ |
သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်သီချင်းသစ်ကိုဆို၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုချီးမွမ်းပါမည်။ စောင်းကိုတီး၍သီချင်းဆိုကာဂုဏ်တော်ကို ချီးမွမ်းပါမည်။
ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။
အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့သည်စောင်းများကိုတီး၍ ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်။ မိမိတို့အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်ထောမနာ ပြု၍ သီချင်းဆိုပါမည်။