ထာဝရဘုရားအားထောမနာပြုကြလော့။ ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။ ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
ဟာ လေ လု ယ၊ သန့် ရှင်း ရာ ဌာ န တော်၌ ဘု ရား သ ခင် ကို ချီး မွမ်း ကြ လော့။ တန် ခိုး တော် ဆိုင် ရာ မိုး ပိ တာန်၌ ကိုယ် တော် ကို ချီး မွမ်း ကြ လော့။
သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင်မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။
ဟာလေလုယ။ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏တန်ခိုးတော်ထင်ရှားရာ မိုးမျက်နှာကြက်ပေါ်မှာ ကိုယ်တော်ကိုချီးမွမ်းကြလော့။
အကျဉ်းခံနေရသူများ၏ညည်းတွားသံများကို နားထောင်တော်မူရန်လည်းကောင်း၊ သေဒဏ်စီရင်ခြင်းခံရသူတို့အားလွတ်ငြိမ်းခွင့် ပေးတော်မူရန်လည်းကောင်း ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် အထက်ဘုံမှငုံ့၍ကြည့်တော်မူ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံမှငုံ့၍ ကမ္ဘာကိုစစ်ဆေးကြည့်ရှုတော်မူ၏။
လက်အုပ်ချီ၍ဗိမာန်တော်ထဲ၌ဆုတောင်း ပတ္ထနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။
ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။
မိုးကောင်းကင်သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပေါ်လွင်စေ၍ ကိုယ်တော်၏ လက်ရာတော်တို့ကိုထင်ရှားစွာဖော်ပြ၏။
ဤအကြောင်းကိုတစ်နေ့ကိုတစ်နေ့၊တစ်ညကိုတစ်ည လက်ဆင့်ကမ်းကြေညာကြပေသည်။
ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍ သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။ တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
ငါသည်အသက်ရှင်သောသတ္တဝါ တို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးကိုကြည့် လိုက်ရာ နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့် တူသောအရာကိုမြင်ရ၏။-
ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။