သို့ဖြစ်၍မင်းကြီးနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် လျက် တံပိုးခရာများကိုမှုတ်လျက်ပဋိညာဉ် သေတ္တာတော်ကိုယေရုရှလင်မြို့သို့ပင့်ဆောင် လာကြ၏။
ဆာလံ 149:5 - Common Language Bible ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။ Garrad Bible ကြည် ညို သူ တို့ သည် ဘုန်း တော် ကြောင့် ရွှင် လန်း လျက်၊ အိပ် စက် ရာ ပေါ် မှာ ကြွေး ကြော် ကြ ပါ စေ။ Judson Bible သန့်ရှင်းသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ။ မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသူတို့သည် ဘုန်းအသရေတော်၌ရွှင်မြူးကြပါစေ။ မိမိတို့၏အိပ်ရာပေါ်၌ ရွှင်လန်းစွာသီချင်းဆိုကြပါစေ။ |
သို့ဖြစ်၍မင်းကြီးနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် လျက် တံပိုးခရာများကိုမှုတ်လျက်ပဋိညာဉ် သေတ္တာတော်ကိုယေရုရှလင်မြို့သို့ပင့်ဆောင် လာကြ၏။
သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊
``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့် အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည် အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည် မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
ဤမြို့မှယဇ်ပုရောဟိတ်တို့ဆောင်ရွက်လေသမျှ တို့ကို ကောင်းချီးပေးမည်။ မြို့သူမြို့သားတို့သည်လည်းသီချင်းဆိုလျက် ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသမျှသော သတ္တဝါတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏လူစုတော်သည်ကျေးဇူး တော်ကို ချီးမွမ်းကြပါလိမ့်မည်။
ထာဝရဘုရားသည်သိုးထိန်းတော်မြတ်ဖြစ်၍ ငါ့ကိုစောင့်ထိန်းတော်မူ၏။ ထို့ကြောင့်ငါသည်လိုသမျှကိုရရှိ၏။
နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။ ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍ ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
ချိုသာနာပျော်ဖွယ်သောစောင်းသံနှင့်တကွ ကြိုးတပ်တူရိယာသံတို့ဖြင့် နံနက်တိုင်းကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုဖော်ကူး၍ ညဥ့်တိုင်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာရခြင်းသည်လည်းကောင်း လျောက်ပတ်လှပါ၏။
ထိုအခါထာဝစဉ်အသက်ရှင်တော်မူသောအရှင်သည်ရောက်ရှိလာလျက် အမြင့်မြတ်ဆုံးသောဘုရားသခင်၏သန့်ရှင်းသူများဘက်မှ တရားစီရင်ချက်ချမှတ်တော်မူ၏။ ရာဇဝတ်တန်ခိုးအာဏာကိုဘုရားသခင်၏လူမျိုးတော် ခံယူရရှိမည့်အချိန်ကားကျရောက်လာလေပြီ။
ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
သင်တို့သည်ခရစ်တော်ကိုမမြင်ဘူးသော် လည်းချစ်ကြ၏။ ယခုမတွေ့မမြင်ရသော် လည်းသင်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။ သို့ဖြစ်၍သင်တို့သည်နှုတ်ဖြင့်မဖော် ပြနိုင်အောင်လွန်စွာဘုန်းကြီးသောရွှင်လန်း ဝမ်းမြောက်ခြင်းရှိကြ၏။-