သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။-
ဆာလံ 147:9 - Common Language Bible ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။ Garrad Bible တိ ရ စ္ဆာန် များ ကို လည်း ကောင်း၊ အော် လျက် နေ သော ကျီး အ သား ငယ် များ ကို လည်း ကောင်း၊ ကျွေး မွေး တော် မူ ၏။ Judson Bible မြည်တတ်သောကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တိရစ္ဆာန်မှစ၍ အော်မြည်သော ကျီးကန်းကလေးတို့အား အစာကိုပေးတော်မူ၏။ |
သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။-
ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
ကိုယ်တော်သည်ခပ်သိမ်းသောသတ္တဝါတို့အား အစားအစာများကိုပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။-