ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
ဆာလံ 145:7 - Common Language Bible သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကို မြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။ Judson Bible သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်၏ ကြွယ်ဝသောကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် အောက်မေ့စရာကို မြွက်ဆို၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ |
ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။ ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။