လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။
ကြီး မြတ် တော် မူ ခြင်း အ ကြောင်း ငါ ကြား ပြော ရာ၊ ကြောက် မက် ဖွယ် တန် ခိုး တော် များ ကို ပြော ဆို ခြင်း၊ အ လွန် ကောင်း မြတ် တော် မူ ခြင်း အ ကြောင်း သ တိ ရ၍ မြွက် ဆို ခြင်း၊ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကြွေး ကြော် ခြင်း၊ ပြု ကြ ပါ လိမ့် မည်။
သူတို့သည် ကြောက်မက်ဖွယ်သော အမှုတော်တို့၌ပါသော တန်ခိုးကိုမြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်း အကြောင်းကို ကြားပြောပါမည်။
သူတို့သည် ကိုယ်တော်၏အံ့ဩဖွယ်ကောင်းသော တန်ခိုးတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းအကြောင်းကို ပြောကြားပါမည်။
ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
``ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူခဲ့၏'' ဟုလာလတ္တံ့သော လူမျိုးဆက်အားပြောကြားကြလိမ့်မည်။
``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
(ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)
ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။
ငါသည်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းမည်။ ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို ထုတ်ဖော်ပြောဆိုကြလိမ့်မည်။