ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။-
ဆာလံ 145:5 - Common Language Bible သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။ Garrad Bible ဘုန်း တန် ခိုး အာ နု ဘော် တော် ကို လည်း ကောင်း၊ အံ့ ဖွယ် ရာ အ မှု တော် များ ကိုလည်း ကောင်း၊ အ ကျွန်ုပ် စဉ်း စား ဆင် ခြင် လျက်၊ Judson Bible အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော်တော်ကိုလည်းကောင်း၊ အံ့ဖွယ်သော အမှုတော်တို့ကိုလည်းကောင်း မြွက်ဆိုပါမည်။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းကျက်သရေနှင့်ဆိုင်သည့် ဘုန်းအသရေခန့်ညားထည်ဝါမှုကိုလည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ဆင်ခြင်အောက်မေ့ပါမည်။ |
ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။-
ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက် ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။
သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။
ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။
ကျွန်တော်မျိုးအားအကျိုးယုတ်စေရန် ရှာကြံသူတို့သည်အရေးရှုံးနိမ့်၍အသရေပျက် ရကြပြီဖြစ်သောကြောင့် ကိုယ်တော်ရှင်ဖြောင့်မတ်တော်မူခြင်း တရားအကြောင်းကိုတစ်နေ့လုံးပြောကြား ပါမည်။
ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။
လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်ကောင်းသောအမှုတော်တို့ကို လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ငါသည်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းမည်။ ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို ထုတ်ဖော်ပြောဆိုကြလိမ့်မည်။