ဆာလံ 143:6 - Common Language Bible ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။ Garrad Bible ကိုယ် တော့် ထံ လက် အုပ် ချီ ခြင်း ပြု လျက်၊ သွေ့ ခြောက် သော မြေ ကဲ့ သို့ စိတ် တ သ ပါ၏။ Judson Bible ကိုယ်တော်ထံသို့ လက်တို့ကိုဆန့်ပါ၏။ သွေ့ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အကျွန်ုပ်လက်ကိုဆန့်ပါ၏။ မွတ်သိပ်သောမြေကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။(စေလာ) |
ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊
ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
အကယ်၍ကျွန်တော်မျိုးတို့သည်မိမိတို့၏ ဘုရားအားဝတ်မပြုရှိမခိုးဘဲ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ဘုရားထံသို့ ဆုတောင်းပတ္ထနာပြုကြပါမူ
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
ထိုအရပ်တွင်လွန်စွာနေလိုလှပါသည်။ ကျွန်တော်မျိုးသည်ထာဝရဘုရား၏ဗိမာန်တော် တံတိုင်းများကိုတသပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်အား ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါဝမ်း မြောက်စွာ ထောမနာသီချင်းဆိုပါ၏။
ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။ သူတို့သည်သေရာမှထ၍ကိုယ်တော်ရှင်အား ထောမနာပြုပါသလော။
ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
ထိုအခါမောရှေက``ကျွန်ုပ်သည်မြို့ပြင်သို့ ရောက်လျှင် ထာဝရဘုရားထံသို့လက်များ ကိုမြှောက်၍ဆုတောင်းပေးပါမည်။ ထာဝရ ဘုရားသည်ကမ္ဘာမြေကြီးကိုအစိုးရတော် မူကြောင်း ကိုယ်တော်သိစေခြင်းငှာမိုးကြိုး သံနှင့်မိုးသီးမိုးရပ်စဲလိမ့်မည်။-
ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။
ပွဲတော်၏နောက်ဆုံးနေ့နှင့်အရေးကြီးဆုံး နေ့၌ သခင်ယေရှုသည်ရပ်လျက် ``ရေငတ် သူသည်ငါ့ထံသို့လာ၍သောက်လော့။-