အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
ဆာလံ 143:12 - Common Language Bible ကျွန်တော်မျိုးအပေါ်၌ထားရှိသောမေတ္တာ တော်ကို ထောက်၍ရန်သူများအားကွပ်မျက်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်သဖြင့် ကျွန်တော်မျိုးကိုဖိနှိပ်ညှဉ်းဆဲသူအပေါင်း တို့ကို သုတ်သင်တော်မူပါ။ Garrad Bible မေ တ္တာ ကျေး ဇူး တော် အ လျောက်၊ အ ကျွန်ုပ် ရန် သူ တို့ ကို ပယ် ရှား၍ ကိုယ် တော်၏ ကျွန် ဖြစ် သော ကြောင့်၊ အ ကျွန်ုပ် အ သက် ညှဉ်း ပန်း သူ ရှိ သ မျှ ကို ဖျက် ဆီး တော် မူ ပါ။ Judson Bible ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ရန်သူတို့ကိုပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး ဖြစ်သောကြောင့် ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်၏ရန်သူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ရန်ဖက်ပြုသောသူအားလုံးကိုလည်း ဖျက်ဆီးတော်မူပါ။ |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုပိုင်တော် မူပါ၏။ သို့ဖြစ်၍ကယ်တော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ဥပဒေသ တော် တို့ကိုကြိုးစား၍စောင့်ထိန်းပါ၏။
သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။ သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။
သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။-