ဇိအုန်မြို့ကိုသတိရသောအခါ ငါတို့သည်ဗာဗုလုံပြည်မြစ်ချောင်းများ အနီးတွင်ထိုင်၍ငိုကြွေးကြ၏။
ဇိ အုန် မြို့ ကို သ တိ ရ ကြ သော်၊ ဗာ ဗု လုန် မြောင်း များ အ နီး ငါ တို့ ထိုင်၍ ငို ကြွေး လျက်၊
ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကိုအောက်မေ့လျက် ငိုကြွေးကြ၏။
ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍ ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။
ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
ပထမလတစ်ဆယ့်နှစ်ရက်နေ့၌ ငါတို့သည် အဟာဝတူးမြောင်းမှ ယေရုရှလင်မြို့သို့ ထွက်ခွာလာကြ၏။ ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၍ ငါတို့အား ရန်သူ့ဘေးမှလည်းကောင်း၊ ခြုံခိုတိုက်ခိုက် မှုမှလည်းကောင်းကာကွယ်စောင့်ရှောက် တော်မူ၏။-
``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
ယေရုရှလင်မြို့ကိုချစ်မြတ်နိုးသူအပေါင်း တို့၊ သူနှင့်အတူအားရရွှင်လန်းကြလော့။ သူ၏အတွက်ဝမ်းမြောက်ကြလော့။ ထိုမြို့အတွက်ဝမ်းနည်းကြေကွဲနေခဲ့သူ အပေါင်းတို့၊ ယခုပင်သူနှင့်အတူအားရရွှင်လန်းကြလော့။
``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-
ကျွန်တော်မျိုးသည်အခြားသူများနှင့် ရယ်မောလျက် အပျော်အပါးလိုက်စားလျက် အချိန်မဖြုန်းပါ။ ကိုယ်တော်ရှင်ပေးအပ်ထား တော်မူသည့်အလုပ်တာဝန်ကြောင့် ကျွန်တော် မျိုးသည်တစ်ဦးတစ်ယောက်တည်းနေထိုင် ကာအမျက်ဒေါသနှင့်ပြည့်၍လာပါ၏။-
ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကို ထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။ မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။ သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။
ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။
ထိုနောက်ငါသည်အစာရှောင်ပြီးလျှင်လျှော် တေကိုဝတ်၍ ပြာထဲတွင်ထိုင်ကာ ထာဝရ ဘုရားသခင်ထံတော်သို့ဆုတောင်းအသ နားခံ၏။-
ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ရောက် ၍ ထိုမြို့ကိုမြင်တော်မူလျှင်ငိုကြွေးတော်မူ၏။-
ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။