သို့ဖြစ်၍နေ့ကိုကြီးစိုးရန်နေဗိမာန်နှင့်ည ကိုကြီးစိုးရန် လဗိမာန်နှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။-
ဆာလံ 136:8 - Common Language Bible နေကိုဖန်ဆင်းတော်မူသည်မှာနေ့ကို အုပ်စိုးစေရန်ဖြစ်၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ Garrad Bible က ရု ဏာ တော် သည် ကာ လ အ စဉ် တည်၍၊ နေ့ ကို အုပ် စိုး ရန် နေ ကို လည်း ကောင်း၊ Judson Bible ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် နေ့ကိုအုပ်စိုးစေရန် နေကိုဖန်ဆင်းတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ |
သို့ဖြစ်၍နေ့ကိုကြီးစိုးရန်နေဗိမာန်နှင့်ည ကိုကြီးစိုးရန် လဗိမာန်နှင့်ကြယ်များကို ဖန်ဆင်းတော်မူ၏။-
နေနှင့်လတို့၊ကိုယ်တော်အားထောမနာပြု ကြလော့။ ထွန်းတောက်သောကြယ်တာရာတို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
ထာဝရဘုရားသည်နေ့အခါအလင်းရောင် ပေးရန် နေကိုလည်းကောင်း၊ ညဥ့်အခါထွန်းလင်းစေရန်လနှင့်ကြယ်များ ကိုလည်းကောင်းစီရင်တော်မူ၏။ ကိုယ်တော်သည်ပင်လယ်ကိုမွှေနှောက်၍လှိုင်း များကို မြည်ဟည်းစေတော်မူ၏။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုး ရှင် ထာဝရဘုရားဟူ၍ဖြစ်သတည်း။
သို့မှသာသင်တို့သည်ကောင်းကင်ဘုံရှင်သင်တို့ အဖ၏သားများဖြစ်ကြလိမ့်မည်။ ကိုယ်တော်သည် လူဆိုးလူကောင်းများအပေါ်၌နေရောင်ခြည် ကိုသက်ရောက်စေတော်မူ၏။ သူတော်ကောင်း၊ သူ ယုတ်မာများအပေါ်၌မိုးကိုရွာစေတော်မူ၏။-