တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။-
ဆာလံ 136:6 - Common Language Bible ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ Garrad Bible က ရု ဏာ တော် သည် ကာ လ အ စဉ် တည်၍၊ သ မု ဒ္ဒ ရာ ပေါ် မှာ မြေ ကြီး ကို ဖြန့် တော် မူ ထ သော၊ Judson Bible ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊ မြန်မာ့စံမီသမ္မာကျမ်း မြေကြီးကို ရေပြင်ပေါ်၌ ဖြန့်ကြက်ထားတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ |
တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။-
သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုမြေအောက် ရေနက်ရာအရပ်၌အုတ်မြစ်ချတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာများအထဲတွင်အခြေ စိုက်၍ တည်ဆောက်တော်မူ၏။
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
``ငါသည်သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကယ်တင်ရှင်၊ ထာဝရဘုရားဖြစ်တော်မူ၏။ ငါသည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသည့် ထာဝရဘုရားတည်း။ မိုးကောင်းကင်ကိုငါတစ်ပါးတည်းဖြန့်ကြက်ခဲ့၏။ ကမ္ဘာမြေကြီးကိုငါဖန်ဆင်းသောအခါ အဘယ်သူမျှငါ့အားမကူညီခဲ့ကြ။
ထာဝရဘုရားသည်တန်ခိုးတော်အားဖြင့် ပထဝီမြေကြီးကိုဖြစ်ပေါ်စေတော်မူ၏။ ဉာဏ်ပညာတော်ဖြင့်လောကဋ္ဌာတ်ကို ဖန်ဆင်းတော်မူ၍ အသိပညာတော်ဖြင့်မိုးကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
ဤဗျာဒိတ်တော်သည်မိုးကောင်းကင်ကို ဖြန့်ကြက်၍ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး လျှင် လူသတ္တဝါအားအသက်ကိုပေးတော် မူသောထာဝရဘုရား၏ထံတော်မှ ဣသရေလအမျိုးသားတို့နှင့်စပ်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။-