ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
ဆာလံ 132:15 - Common Language Bible ငါသည်ဇိအုန်မြို့ကိုလိုလေသေးမရှိအောင် အစာရေစာပေါများသောမြို့ဖြစ်စေမည်။ ဤမြို့မှဆင်းရဲသူတို့အားဝအောင်ကျွေးမွေး မည်။ Garrad Bible ငါ စံ နေ လျက်၊ စား နပ် ရိ က္ခာ ကို အ ထူး သ ဖြင့် ငါ ကောင်း ကြီး ပေး၍၊ ဆင်း ရဲ သော မြို့ သား တို့ ကို ဝ စွာ ကျွေး မည်။ Judson Bible သူ၏အစာအာဟာရကို အထူးသဖြင့် ကောင်းချီးပေးမည်။ သူ၌ဆင်းရဲသားတို့ကို ဝစွာကျွေးမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်ကို ကောင်းချီးပေးမည်။ စားနပ်ရိက္ခာပေါများစေမည်။ နွမ်းပါးသောသူတို့ကို အစားအစာနှင့် ဝပြောစေမည်။ |
ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍ သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
ခဲယဉ်းရာကာလများ၌သူတို့သည် ဒုက္ခရောက်ကြလိမ့်မည်မဟုတ်။ အစာငတ်မွတ်ခေါင်းပါးချိန်များ၌အစာ ရေစာ လုံလောက်စွာရရှိကြလိမ့်မည်။
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကိုးကွယ်လျှင် ငါသည်သင်တို့အား ဝလင်စွာစားသောက်ရစေမည်။ အနာရောဂါ တို့မှလည်းကင်းရှင်းစေမည်။-
သို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။
ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-
``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''