သို့ရာတွင်အသက်ရှင်နေသူငါတို့မူကား ယခုမှစ၍အစဉ်အဆက်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်။ ထာဝရဘုရားအားထောမနာပြုကြလော့။
ဆာလံ 131:3 - Common Language Bible အို ဣသရေလ၊ယခုမှအစပြု၍ ကာလအစဉ်အဆက်ထာဝရဘုရားကို ကိုးစားလော့။ Garrad Bible အို ဣ သ ရေ လ လူ မျိုး၊ ယ ခု မှ စ၍ ကာ လ အ စဉ်၊ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ကြ လော့။ Judson Bible ဣသရေလအမျိုးသည် ယခုမှစ၍၊ ကာလအစဉ်မပြတ် ထာဝရဘုရားကို မျှော်လင့်ပါစေ။ မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးလူမျိုး၊ ထာဝရဘုရားကို ယခုမှစ၍ ကာလအစဉ်အဆက်မျှော်လင့်ကိုးစားလော့။ |
သို့ရာတွင်အသက်ရှင်နေသူငါတို့မူကား ယခုမှစ၍အစဉ်အဆက်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်။ ထာဝရဘုရားအားထောမနာပြုကြလော့။
ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ် သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။
အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။
ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။