ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။
ဆာလံ 131:2 - Common Language Bible ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။ Garrad Bible နို့ ခွာ ပြီး သူ ငယ် ကဲ့ သို့ စိတ် သ ဘော ရှိ သော အ ကျွန်ုပ် သည်၊ အ မိ ပိုက် သော နို့ ခွာ ပြီး သူ ငယ့် သ ဖွယ် ဖြစ် လျက်၊ ကိုယ့် စိတ် ကို ဖြေ ၍ သေ ဝပ် စေ ပါ ပြီ။ Judson Bible အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသောသူငယ်ကဲ့သို့ ဖြစ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် မိမိ၏မိခင်နှင့်အတူရှိသည့် နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ငြိမ်သက်တိတ်ဆိတ်စွာနေစေပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ဖြစ်ပါ၏။ |
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။
ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်စိတ်ဒုက္ခရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအား တစ်ဖန်ထောမနာပြုမည်။
ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။-
သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။-
သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-