ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့ တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
ဆာလံ 125:3 - Common Language Bible သူယုတ်မာတို့သည်ဖြောင့်မတ်သောသူတို့၏ ပြည်ကို အစဉ်အမြဲအုပ်စိုးရလိမ့်မည်မဟုတ်။ အကယ်၍ယင်းသို့အုပ်စိုးရကြပါမူ၊ ဖြောင့်မတ်သောသူတို့ကိုယ်တိုင်ပင်လျှင် မကောင်းမှုကိုပြုကောင်းပြုကြပေလိမ့်မည်။ Garrad Bible အ ဓ မ္မ မှု ကို ပြု ရ ကြ စေ ရန်၊ ဖြောင့် မတ် သူ တို့ ဝေ ပုံ အ ပေါ် တွင်၊ လူ ဆိုး တို့ အာ ဏာ စက် တည် ခွင့် မ ရှိ ရာ။ Judson Bible ဖြောင့်မတ်သောသူတို့သည် ဒုစရိုက်ကို ပြုသောအခွင့် မရှိစေခြင်းငှာ၊ မတရားသောသူတို့၏လှံတံသည် ဖြောင့်မတ်သောသူတို့၏ အမွေခံရာအဖို့အပေါ်မှာ မတည်မနေရ။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူတို့သည် မိမိတို့လက်ကို မကောင်းမှုအတွက်အသုံးမပြုမိစေရန် ဆိုးယုတ်သောသူ၏ရာဇလှံတံသည် ဖြောင့်မတ်သောသူတို့၏ဝေစုနယ်မြေပေါ်၌ မတည်မနေရ။ |
ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့ တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
ကိုယ်တော်သည်အစဉ်မပြတ်ပြစ်တင်၍နေတော် မမူ။ အစဉ်အမြဲအမျက်ထွက်တော်မမူ။
ငါ၏မိတ်ဆွေဟောင်းသည်မိမိ၏မိတ်ဆွေများကို တိုက်ခိုက်၍မိမိ၏ကတိကိုလည်းဖျက်၏။
သူ၏ရန်သူတို့သည်သူ့အပေါ်တွင်အဘယ် အခါ၌မျှ အနိုင်ရကြလိမ့်မည်မဟုတ်။ သူယုတ်မာတို့သည်သူ့ကိုနှိမ်နင်းနိုင် လိမ့်မည်မဟုတ်။
ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
ထာဝရဘုရားသည်မိမိလူမျိုးတော်အား ပြည်နှင်ဒဏ်ပေး၍အပြစ်ဒဏ်ခတ်တော်မူ၏။ သူတို့သည်အရှေ့မှလာသောလေပြင်းမုန် တိုင်းတွင်လွင့်ပါသွားရဘိသကဲ့သို့ မိမိ တို့ပြည်မှထွက်ခွာသွားရကြလေသည်။-
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။
ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-