အချင်းဘုရားသခင်၏ယဇ်ပုရောဟိတ် တို့၊ ထာဝရဘုရားကိုကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
ဆာလံ 118:3 - Common Language Bible ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟုဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့ဝန်ခံကြစေ။ Garrad Bible က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည် ဟု၊ အာ ရုန့် အ နွယ် သား တို့ မြွက် ဆို ကြ ပါ စေ။ Judson Bible ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန်အနွယ်ဝန်ခံစေ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ကြောင်း အာရုန်၏အမျိုးအနွယ်သည် ဝန်ခံပါစေ။ |
အချင်းဘုရားသခင်၏ယဇ်ပုရောဟိတ် တို့၊ ထာဝရဘုရားကိုကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
မိမိ၏ခမည်းတော်ဘုရားသခင်၏အမှုတော် ကိုဆောင်ရွက်နိုင်စေရန် ငါတို့အားရှင်ဘုရင် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုလည်းကောင်းပေးအပ်တော်မူသောယေရှု ခရစ်သည်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော်တော်ရှိတော်မူပါစေ သတည်း။ အာမင်။