သို့ရာတွင်ဘုရားမဲ့သူတို့မူကားဖယ် ရှားခြင်းကို ခံရသည့်ဆူးပင်များနှင့်တူကြ၏။ ထိုဆူးပင်တို့ကိုအဘယ်သူမျှလက်နှင့် မကိုင်မတွယ်နိုင်။
ဆာလံ 118:12 - Common Language Bible သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။ Garrad Bible ပျား အုံ ကဲ့ သို့ ဝန်း ဝိုင်း ကြ သော် လည်း၊ ဆူး ထင်း မီး သ ဖွယ် ငြိမ်း၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ဖြင့် ငါ ပယ် ရှား မည်။ Judson Bible ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ပျားများကဲ့သို့ ငါ့ကိုဝိုင်းရံထားကြသော်လည်း ဆူးပင်ကိုလောင်သောမီးကဲ့သို့ ငြိမ်းသွားကြ၏။ ငါသည် ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို မုချဖြတ်ပယ်ရှင်းလင်းမည်။ |
သို့ရာတွင်ဘုရားမဲ့သူတို့မူကားဖယ် ရှားခြင်းကို ခံရသည့်ဆူးပင်များနှင့်တူကြ၏။ ထိုဆူးပင်တို့ကိုအဘယ်သူမျှလက်နှင့် မကိုင်မတွယ်နိုင်။
ဒုက္ခရောက်စဉ်အခါအရှင်မင်းကြီး၏ ပတ္ထနာကို ထာဝရဘုရားသည်နားညောင်းတော်မူ ပါစေသော။ ယာကုပ်ကိုးကွယ်သောဘုရားသခင်သည် အရှင်မင်းကြီးအား ကွယ်ကာစောင့်ထိန်းတော်မူပါစေသော။
ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
သူတို့သည်မမျှော်လင့်သောအချိန်တွင်ချုံဖုတ် ကဲ့သို့ ခုတ်ပစ်ခြင်းကိုခံကြရ၏။ ဘုရားသခင်သည်ပြင်းစွာအမျက်ထွက်တော်မူ၍ သူတို့အားကွယ်ပျောက်သွားစေတော်မူလိမ့်မည်။
အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
စပျစ်ဥယျာဉ်အပေါ်၌ငါအမျက်မထွက် တော့ပြီ။ ငါခုတ်ထွင်ပစ်ရန်ဆူးပင်မျိုးစုံရှိ စေချင်ပါဘိ။ ယင်းတို့ကိုငါသည်လုံးဝ မီးရှို့ပစ်မည်။-
သင်တို့သည်ထုံးလုပ်ရန်မီးအဖုတ်ခံရသည့် ကျောက်ကဲ့သို့လည်းကောင်း၊ ပြာဖြစ်အောင်ကျွမ်း လောင်သွားသည့်ဆူးပင်ကဲ့သို့လည်းကောင်း ကြေမွသွားကြလိမ့်မည်။-
ထိုအခါတောင်များပေါ်တွင်နေထိုင်သော အာမောရိအမျိုးသားတို့သည် ပျားအုပ်ပမာ သင်တို့အားထွက်၍တိုက်ကြ၏။ သူတို့သည် သင်တို့ကိုလိုက်လံတိုက်ခိုက်ကြရာ ဧဒုံပြည် ဟောမာမြို့တွင်သင်တို့အားစစ်ရေးနိမ့်စေ ခဲ့ကြသည်။-
ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။-