ဆာလံ 113:7 - Common Language Bible ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။ Garrad Bible ဆင်း ရဲ သူ့ ကို မြေ မုန့် ထဲ က ချီး မြှင့် လျက်၊ နွမ်း ပါး သူ့ ကို အ မှိုက် ပုံ ထဲ က တင် မြှောက် ပြီး လျှင်၊ Judson Bible ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကချီးမြှောက်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဆင်းရဲသောသူကို မြေမှုန့်ထဲမှထစေ၍ နွမ်းပါးသောသူကို ပြာပုံထဲမှချီးမြှောက်ကာ |
ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။
ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။
ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။ စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။
ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-
ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-