ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
ဆာလံ 113:2 - Common Language Bible ကိုယ်တော်၏နာမတော်အားယခုမှစ၍ ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။ Garrad Bible ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို၊ ယ ခု မှ စ၍ ကာ လ အ စဉ် ဩ ဘာ ဆက် ကြ ပါ စေ သော။ Judson Bible ထာဝရဘုရား၏နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နာမတော်သည် ယခုမှစ၍ ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။
သို့ရာတွင်အသက်ရှင်နေသူငါတို့မူကား ယခုမှစ၍အစဉ်အဆက်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်။ ထာဝရဘုရားအားထောမနာပြုကြလော့။
ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။
``ဘုရားသခင်သည်ဉာဏ်ပညာတော် တန်ခိုးတော်တို့နှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလော့။
ထို့ပြင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်ပင်လယ်အရပ်ရပ်၌ရှိသမျှသော သတ္တဝါအပေါင်းတို့က၊ ပလ္လင်ပေါ်တွင်ထိုင်နေတော်မူသောအရှင်နှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက်ချီးမွမ်းခြင်းကို ခံရပါစေသတည်း။ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊တန်ခိုးတို့ဖြင့် ပြည့်စုံတော်မူပါစေသတည်း'' ဟုကြွေးကြော်ကြသည်ကိုငါကြားရ၏။-