သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
ဆာလံ 112:4 - Common Language Bible သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။ Garrad Bible ဖြောင့် မှန် သူ တို့ အ ဖို့၊ မှောင် မိုက် ထဲ မှာ အ လင်း တော် ပေါ် ထွန်း၍၊ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ ဖြောင့် မတ် သော သ ဘော ရှိ ကြ၏။ Judson Bible သဘောဖြောင့်သော သူတို့အဖို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သောသဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။ |
သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။
ထာဝရဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်းမြတ်တော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝရတည် ၏။
ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။
သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ သဘောဖြောင့်သူတို့အပေါ်သို့ ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။
ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။
ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
ဆာငတ်မွတ်သိပ်သူတို့အားအစားအစာ ကျွေးမွေးလျက် ချို့တဲ့သူတို့၏လိုအင်ဆန္ဒ ကိုဖြည့်ကြမည်ဆိုပါမူ သင်၏အလင်းသည် သင်၏ပတ်ဝန်းကျင်ရှိမှောင်မိုက်ကိုလင်းလိမ့် မည်။ သင်၏ညသည်မွန်းတည့်အလင်းရောင် အဖြစ်သို့ပြောင်းလဲ၍သွားလိမ့်မည်။-
``သင်တို့သည်ဤအတိုင်းပြုကျင့်ကြပါမူ ငါ၏ကျေးဇူးတော်အလင်းသည်တက်သစ်စ နေရောင်ခြည်သဖွယ် သင်တို့အပေါ်သို့သက် ရောက်၍သင်တို့အနာရောဂါများသည်လည်း လျင်မြန်စွာပျောက်ကင်းသွားလိမ့်မည်။ ဖြောင့် မတ်သောအရှင်သည်သင်တို့နှင့်ထာဝစဉ် အတူရှိနေမည်။ အဘက်ဘက်မှနေ၍ငါ ၏ဘုန်းတော်သည် သင်တို့အားကာကွယ် စောင့်ရှောက်မည်။-
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
သင်တို့၏အဖဘုရားသည်သနားကြင်နာ တော်မူသည်နည်းတူ သင်တို့သည်လည်းသနား ကြင်နာကြလော့။
ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။-
သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။
သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။-
အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
ခရစ်တော်သည်ဖြောင့်မတ်တော်မူသည်ကို သင်တို့သိကြ၏။ သို့ဖြစ်၍အမှန်တရား ကိုကျင့်သုံးသူသည်ဘုရားသခင်၏သား သမီးဖြစ်ကြောင်းကိုသင်တို့သိကြ၏။
ဤနည်းအားဖြင့်ဘုရားသခင်၏သားသမီး များနှင့်မာရ်နတ်၏သားသမီးကွာခြားပုံကို သိရ၏။ အမှန်တရားကိုမကျင့်သုံးသူ၊ ညီ အစ်ကိုကိုမချစ်သူသည်ဘုရားသခင်၏ သားသမီးမဟုတ်။
သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။-