သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။
ဆာလံ 112:10 - Common Language Bible သူယုတ်မာတို့သည်ဤအခြင်းအရာကို မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။ Garrad Bible လူ ဆိုး တို့ မြင် ၍ ဝမ်း နည်း ခြင်း၊ အံ ခဲ လျက် ပျောက် လွင့် ခြင်း ခံ ရ ကြ လိမ့် မည်။ လူ ဆိုး တို့ အ လို ဆ န္ဒ ကား၊ ပျက် စီး ရ လ တ္တံ့။ Judson Bible မတရားသောသူတို့သည် မြင်၍၊ နာကြင်သောစိတ် ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံးကြလိမ့်မည်။ မတရားသောသူတို့၏အလိုသည် ပျက်စီးရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် ထိုအမှုအရာကိုမြင်သောအခါ အမျက်ထွက်၍ အံကြိတ်ကာ ချုံးချုံးကျသွားလိမ့်မည်။ ဆိုးယုတ်သောသူတို့၏အလိုဆန္ဒသည် ပျက်စီးသွားလိမ့်မည်။ |
သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။
မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည်။
သူယုတ်မာသည်သူတော်ကောင်းအား မကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူကြောင်းကိုသက်သေပြ တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင်နှစ်သိမ့် မှုနှင့် ကူညီမစမှုပေးတော်မူသည်ကို ကျွန်တော်မျိုးကိုမုန်းသောသူတို့သည် မြင်ကြသောအခါအရှက်ရကြပါ လိမ့်မည်။
ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
ထိုအခါမင်းကြီးကမင်းစေတို့အား `ထိုသူ၏ ခြေလက်တို့ကိုတုပ်နှောင်ပြီးလျှင်အပြင်အမှောင် ထဲသို့ထုတ်လိုက်ကြ။ ထိုနေရာတွင်သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက် နေရလိမ့်မည်' ဟုအမိန့်တော်ရှိ၏'' ဟူ၍ မိန့်တော်မူသည်။
သို့ရာတွင်နိုင်ငံတော်သားဖြစ်သင့်သူတို့မူကား ပြင်ပအမှောင်ထဲသို့ထုတ်ပစ်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအရပ်တွင်သူတို့သည်ငိုကြွေးမြည် တမ်း၍အံသွားခဲကြိတ်လျက်နေကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-