သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။-
ဆာလံ 109:5 - Common Language Bible သူတို့သည်ကျွန်တော်မျိုးပြုသည့်ကျေးဇူးကို ဆိုးညစ်မှုဖြင့်လည်းကောင်း၊ကျွန်တော်မျိုး၏ မေတ္တာကိုမုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်လည်ပေးဆပ်ကြပါ၏။ Garrad Bible အ ကောင်း အ စား အ ဆိုး ကို လည်း ကောင်း၊ ချစ် ခြင်း အ စား မုန်း ထား ခြင်း ကို လည်း ကောင်း၊ ဆပ် ပေး ခဲ့ ကြ ပါ ၏။ Judson Bible အကျွန်ုပ်ပြုသောကျေးဇူးအတွက် မကောင်းသောအပြစ်ကိုလည်းကောင်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကိုလည်းကောင်း ဆပ်ပေးကြပါ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အကျွန်ုပ်အား အကောင်းကိုအဆိုးဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်ဆပ်ကြပါ၏။ |
သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။-
ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။
အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်ရန် ကြိုးစားသဖြင့် အကောင်းကိုအဆိုးအားဖြင့်ပြန်လည် ပေးဆပ်တတ်သူတို့သည် ကျွန်တော်မျိုးကိုဆန့်ကျင်ဘက်ပြုကြပါ၏။
အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
ကောင်းကျိုးကိုဆိုးကျိုးဖြင့်ပေးချေသင့်ပါ မည်လော။ သို့ပါလျက်သူတို့သည်ကျွန်တော် မျိုးလိမ့်ကျစေရန်တွင်းကိုတူးကြပါပြီ။ ကျွန်တော်မျိုးသည်အထံတော်သို့လာ၍သူ တို့အားအမျက်တော်နှင့်ဆက်ဆံတော်မမူ ရန် သူတို့ကိုယ်စားအဘယ်သို့ပြန်ကြား လျှောက်ထားခဲ့သည်ကိုအောက်မေ့သတိရ တော်မူပါ။-
ယာကုပ်၏သားယုဒနှင့်နောင်အခါကိုယ်တော် ကိုသစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-
သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။