စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
ဆာလံ 109:2 - Common Language Bible သူယုတ်မာများနှင့်လူလိမ်များသည်ကျွန်တော် မျိုးကို တိုက်ခိုက်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အကြောင်း မုသားစကားပြောကြပါ၏။ Garrad Bible လူ ဆိုး လူ လိမ် တို့ သည် ပါး စပ် ဟ လျက်၊ မု သာ သုံး သော လျှာ ဖြင့် အ ကျွန်ုပ် တစ် ဘက် ပြော ဆို လျက်၊ Judson Bible မတရားသောသူနှင့် သစ္စာပျက်သော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဆိုးယုတ်သောသူ၊ လိမ်လည်လှည့်ဖြားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် မိမိတို့နှုတ်ကိုဖွင့်ဟကြပါ၏။ မုသားသုံးသောလျှာဖြင့် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။ |
စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
အဟိသောဖေလက``အကျွန်ုပ်သည်လူ တစ်သောင်းနှစ်ထောင်ရွေးချယ်၍ ဒါဝိဒ် နောက်သို့ယနေ့ညဥ့်ပင်လိုက်ပါရစေ။-
သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍ သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။
ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
မာနထောင်လွှားလျက်သူတော်ကောင်းတို့အကြောင်း ကဲ့ရဲ့ပြောဆိုတတ်သူလူလိမ်တို့၏ နှုတ်ကိုပိတ်တော်မူပါ။
အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့် လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။
ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။
ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
သူတို့သည်မိတ်ဆွေများကိုလိမ်လည်လှည့်စား ကြ၏။ အဘယ်သစ္စာစကားကိုမျှမပြောမဆိုကြ။ သူတို့သည်မုသားစကားပြောဆိုတတ်ရန် မိမိတို့နှုတ်ကိုသွန်သင်ထားကြ၏။ အပြစ်ကိုပြု၍မိမိတို့ကိုယ်ကိုမောပန်း စေကြပြီ။
ထို့နောက်သူတို့သည်မုသားသက်သေများကို ခေါ်ဆောင်ခဲ့ကြ၏။ ထိုသက်သေများက``ဤသူ သည်ဗိမာန်တော်နှင့်ပညတ်တရားတော်တို့ ကိုဆန့်ကျင်၍ အမြဲပြောဆိုလျက်နေပါ၏။-