ထိုသူသည်အဘယ်အခါ၌မျှသနား ကြင်နာရန် စိတ်မကူးခဲ့။ ဆင်းရဲသူ၊ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့ သူတို့အားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့၏။
အ သို့ ဆို သော်၊ ထို သူ သည် သ နား ရန် သ တိ မ ရ ဘဲ၊ ဆင်း ရဲ နွမ်း ပါး လျက် နှ လုံး ကြေ ကွဲ သူ့ ကို သေ အောင် ညှဉ်း ပန်း ခဲ့ ပြီ။
အကြောင်းမူကား၊ ထိုသူသည် ကယ်မသနားခြင်းငှာ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက်သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။
အကြောင်းမူကား သူသည် မေတ္တာကရုဏာပြရန် မစဉ်းစားဘဲ အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူနှင့် စိတ်နှလုံးကြေကွဲသောသူကို လိုက်လံသတ်ဖြတ်ခဲ့၏။
ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။
သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
သူယုတ်မာတို့သည်မာနထောင်လွှားလျက် ဆင်းရဲသူတို့အားနှိပ်စက်ညှဉ်းပန်းကြ၏။ မိမိတို့ထောင်ထားသောကျော့ကွင်းများတွင် ပြန်၍မိစေတော်မူပါ။
ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။ မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား သတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်း ဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။
သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။
ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။