သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
ဆာလံ 109:12 - Common Language Bible အဘယ်အခါ၌မျှသူ့အားသနားကြင်နာ မည့်သူ၊ သူ၏ဘသက်ဆိုးများကိုကြည့်ရှုစောင့်ရှောက် မည့်သူ မရှိပါစေနှင့်။ Garrad Bible သူ့ ကို က ရု ဏာ သက် သူ၊ ဖ သက် ဆိုး တို့ ကို သ နား သူ၊ တစ် ယောက် မျှ မ ရှိ ပါ စေ နှင့်။ Judson Bible သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုးတို့ကို ကယ်မသနားသောသူ တစ်ယောက်မျှ မရှိစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သူ့အပေါ် မေတ္တာကရုဏာထားမည့်သူ၊ ဖတဆိုးဖြစ်ကြသော သူ၏သားသမီးတို့ကို သနားမည့်သူ တစ်ယောက်မျှမရှိပါစေနှင့်။ |
သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။
သူတစ်ပါးတို့အားရက်ရောစွာပေးကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့အားရက် ရောစွာပေးတော်မူလိမ့်မည်။ သိပ်နှိပ်လှုပ်ခါ ပြည့်လျှံသောတောင်းပမာဏဖြင့်သင်တို့၏ လက်ထဲသို့ပေးတော်မူလိမ့်မည်။ သင်တို့သည် သူတစ်ပါးအားချိန်တွယ်ပေးသည့်တောင်း ပမာဏအတိုင်းဘုရားသခင်သည်သင်တို့ အားပေးတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။