ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
ဘိုး ဘေး တို့ သည်၊ အိ ဂျစ် ပြည် ၌၊ အံ့ ဖွယ် ရာ အ မှု တော် များ ကို နား လည် ခြင်း၊ က ရု ဏာ တော် အ မြောက် အ မြား ကို သ တိ ရ ခြင်း ကင်း လျက်၊ ပင် လယ် နီ အ နီး ပုန် ကန် ကြ ပါ ၏။
အဲဂုတ္တုပြည်၌ပြုတော်မူသော အံ့ဩဖွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာသော ကရုဏာတော်ကို မအောက်မေ့ကြ။ ပင်လယ်နား၊ ဧဒုံပင်လယ်နားမှာ ပုန်ကန်ကြပါ၏။
အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိစဉ် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဂရုမပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြီးမားသော မေတ္တာကရုဏာတော်ကို မအောက်မေ့ဘဲ ပင်လယ်အနီး၊ ပင်လယ်နီအနီးတွင် ပုန်ကန်ခဲ့ကြပါ၏။
ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။
ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် အိမ်တော်သို့ဝင်နိုင်ပါ၏။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်အညီ ကျွန်တော်မျိုးအားသနားတော်မူပါ။ လွန်စွာသနားကြင်နာတော်မူတတ်သည် နှင့်အညီ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊ ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့် နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်း မိမိတို့အားရန်သူတို့လက်မှ ကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊ အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။
အို ဣသရေလအမျိုးသားတို့၊သင်တို့သည် တွေ့မြင်ရမှုများသော်လည်း၊ ထိုအမှုတို့သည်သင်တို့အတွက်အဘယ်သို့ အဋ္ဌိပ္ပါယ်ရှိသနည်း။ သင်တို့တွင်ကြားတတ်သောနားများရှိသော်လည်း အဘယ်အရာကိုသင်တို့အမှန်တကယ် ကြားကြလေပြီနည်း'' ဟုမိန့်တော်မူ၏။
ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။
အဘယ်ကြောင့်ဆိုသော်၊ `သူတို့သည်ကြည့်လျက်နှင့်လည်းမမြင်၊ ကြားလျက်နှင့်လည်းနားမလည်ကြ။ အကယ်၍သူတို့သာမြင်၍နားလည်ပါမူ ဘုရားသခင်ထံတော်သို့ပြောင်းလဲကြမည် ဖြစ်သဖြင့်၊ ကိုယ်တော်သည်သူတို့အားအပြစ် ဖြေလွှတ်တော်မူပေအံ့' ဟုကျမ်းစာလာသောကြောင့်ဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
ဇာတိအလျောက်လူမျိုးခြားဖြစ်ကြသောသင် တို့အား အရေဖျားလှီးမင်္ဂလာမခံသူများဟု ယုဒအမျိုးသားများကခေါ်ကြ၏။ ယုဒ အမျိုးသားများက မိမိတို့ကိုယ်ကိုအရေ ဖျားလှီးမင်္ဂလာခံသူများဟုခေါ်ကြ၏။ (အရေဖျားလှီးမင်္ဂလာဟုဆိုရာ၌ကိုယ် ကာယနှင့်ဆိုင်သောအမှုဖြစ်သည်။) အထက် ကသင်တို့၏အခြေအနေကိုသတိရ ကြလော့။-
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-