ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
ဆာလံ 104:7 - Common Language Bible ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။ Garrad Bible ဆုံး မ တော် မူ သော မိုး ချုန်း သံ ကြောင့်၊ အ လန့် တ ကြား ပြေး သွား ၍၊ တောင် များ ကို ဆန် လျက်၊ Judson Bible တစ်ဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုးချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွားကြပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ဆုံးမတော်မူသောအခါ ထွက်ပြေးသွားပါ၏။ မိုးချုန်းသံနှင့်တူသောအသံတော်ကြောင့် အလျင်အမြန်ထွက်ပြေးသွားပါ၏။ |
ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
ကိုယ်တော်ရှင်၏မိုးကြိုးသံသည်မြည်ဟည်း ထွက်ပေါ်လာလျက် လျှပ်ပန်းလျှပ်နွယ်တို့သည်လည်းကမ္ဘာ တစ်ဝန်းလုံးကိုလင်းစေပါ၏။ မြေကြီးသည်ထိတ်လန့်တုန်လှုပ်ပါ၏။
အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။-