ကိုယ်တော်သည်သူတို့အားဥပုသ်တော်နေ့ကို နေ့မြတ်အဖြစ်စောင့်ထိန်းရန်သွန်သင်တော်မူ၍ ပညတ်တော်များကိုကိုယ်တော်၏အစေခံ မောရှေမှတစ်ဆင့်ပေးအပ်တော်မူပါ၏။
ဆာလံ 103:7 - Common Language Bible ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍ အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။ Garrad Bible နည် လမ်း တော် များ ကို၊ မော ရှေ အား လည်း ကောင်း၊ အ မှု တော် များ ကို၊ ဣ သ ရေ လ အ မျိုး သား တို့ အား လည်း ကောင်း၊ ဖော် ပြ တော် မူ ပြီ။ Judson Bible ဘာသာဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌လည်းကောင်း ပြတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း မိမိ၏လမ်းတော်များကို မောရှေအားလည်းကောင်း၊ မိမိပြုတော်မူသောအမှုတို့ကို အစ္စရေးအမျိုးသားတို့အားလည်းကောင်း သိစေတော်မူ၏။ |
ကိုယ်တော်သည်သူတို့အားဥပုသ်တော်နေ့ကို နေ့မြတ်အဖြစ်စောင့်ထိန်းရန်သွန်သင်တော်မူ၍ ပညတ်တော်များကိုကိုယ်တော်၏အစေခံ မောရှေမှတစ်ဆင့်ပေးအပ်တော်မူပါ၏။
ထိုပြည်တွင်ကိုယ်တော်ပြုတော်မူသော အမှုတော်တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ပင်လယ်အနီးတွင်ပြုတော်မူသောအမှု တော်တို့သည် အံ့ဖွယ်သူရဲဖြစ်လှပါသည်တကား။
ကိုယ်တော်သည်အခြားလူမျိုးတို့၏နယ်မြေ များကို မိမိ၏လူစုတော်အားပေးတော်မူခြင်း အားဖြင့် တန်ခိုးတော်ကိုပြတော်မူလေပြီ။
ကိုယ်တော်သည်နှုတ်ကပတ်တော်ကိုမိမိ လူစုတော်အားလည်းကောင်း၊ အထုံးအဖွဲ့တော်နှင့်ပညတ်တော်များကို ဣသရေလအားလည်းကောင်းပေးအပ်တော် မူ၏။
ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊ ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့် နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။ ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန် ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။
သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။ သူတို့သည်လည်းကိုယ်တော်ပေးတော်မူသော တရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။
ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသမျှကိုလိုက် နာပါမည်'' ဟုတညီတညွတ်တည်းပြောကြား ကြ၏။ မောရှေသည်လည်းလူအပေါင်းတို့၏ ဖြေကြားချက်ကိုထာဝရဘုရားထံလျှောက် ထားလေ၏။
သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
ကိုယ်တော်သည်အကျွန်ုပ်အားနှစ်သက်တော် မူပါလျှင်၊ အကျွန်ုပ်သည်ကိုယ်တော်၏အမှု တော်ကိုထမ်းဆောင်၍၊ စိတ်တော်နှင့်တွေ့နိုင်စေ ရန်၊ ကိုယ်တော်၏အကြံအစည်တော်များကို ဖော်ပြတော်မူပါ။ ဤလူမျိုးသည်ကိုယ်တော် ရွေးချယ်ထားသောလူမျိုးတော်ဖြစ်ကြောင်း ကိုလည်းသတိရတော်မူပါ။''
ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-