တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
ဆာလံ 102:8 - Common Language Bible ကျွန်တော်မျိုးအားရန်သူများသည်တစ်နေ့လုံး စော်ကားကြပါ၏။ သူတို့သည်ကျွန်တော်မျိုးကိုပုံခိုင်း၍ ကျိန်ဆဲကြပါ၏။ Garrad Bible ရန် သူ တို့ သည်၊ အ ကျွန်ုပ် ကို နေ့ ရှိ သ မျှ ကဲ့ ရဲ့ လျက်၊ အ ကျွန်ုပ် အ ပေါ် ၌ စော် ကား သူ တို့ သည်၊ ပုံ ခိုင်း ၍၊ ကျိန် ဆဲ ကြ ပါ၏။ Judson Bible အကျွန်ုပ်ရန်သူတို့သည် တစ်နေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တစ်ဘက်၌ စော်ကားသောသူတို့သည် အကျွန်ုပ်ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကိုတစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်ကြပါ၏။ အကျွန်ုပ်ကိုစော်ကားသောသူတို့သည် အကျွန်ုပ်ကိုပုံဆောင်၍ ကျိန်ဆိုကြပါ၏။ |
တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။ သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။ သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
ငါသည်ကုန်လွန်သွားသည့်နေ့ရက်များအကြောင်း ကို စဉ်းစား၍လွန်လေပြီးသည့်နှစ်များကို အောက်မေ့သတိရပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ရွေးချယ်သောဘုရင်ကို ကိုယ်တော်ရှင်၏ရန်သူတို့သည်စော်ကားကြ ပါသည်တကား။ သူတို့သည်သူ့အားသွားလေရာရာတွင် စော်ကားကြပါ၏။
ငါ၏ရွေးချယ်တော်ခံလူမျိုးတော်သည် သင်တို့နာမည်ကိုကျိန်စာအဖြစ်အသုံး ပြုကြလိမ့်မည်။ ငါထာဝရအရှင်ဘုရားသခင်သည်လည်းသင်တို့အားကွပ်မျက်တော် မူမည်။ သို့ရာတွင်ငါ၏စကားကိုနားထောင် သူတို့အားငါသည်နာမည်သစ်ကိုပေး တော်မူမည်။-
ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ပြည်နှင် ဒဏ်သင့်သူတို့သည် လူတစ်ဦးတစ်ယောက် အားကျိန်ဆဲလိုလျှင်`ထာဝရဘုရားသည် သင့်အားဗာဗုလုန်ဘုရင်ကအရှင်လတ်လတ် မီးရှို့သတ်သည့်ဇေဒကိနှင့်အာဟတ်တို့ကဲ့ သို့ပြုတော်မူပါစေသော' ဟုဆိုကြလိမ့်မည်။-
ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ထိုစကားကိုကြားသောအခါ ဒေါသချောင်း ချောင်းထွက်၍အံသွားကြိတ်ခြင်းကိုပြုကြ၏။-
``ကိုယ်တော်အားလူတို့စော်ကားပြောဆိုခြင်း သည်အကယ်ပင်အကျွန်ုပ်အားစော်ကားပြောဆို ခြင်းဖြစ်ပါ၏'' ဟုကျမ်းစာတော်တွင်ဖော်ပြ ထားသည့်အတိုင်းခရစ်တော်သည်မိမိ၏ အလိုတော်ကိုလိုက်တော်မမူ။-