အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
ဂလာတိ 5:24 - Common Language Bible ခရစ်တော်ယေရှု၏တပည့်များသည်လူ့ဇာတိစိတ် နှင့်၎င်း၏လိုအင်ဆန္ဒများကို လက်ဝါးကပ်တိုင်ပေါ် တွင်တင်၍ကွပ်မျက်လိုက်ကြလေပြီ။- Garrad Bible ခ ရစ် တော် ယေ ရှု ပိုင် ရာ တော် ဖြစ် သူ တို့ သည် ရုပ် ခ န္ဓာ ကို ဆိုင် ရာ ဝါ သ နာ နှင့် လော ဘ များ ပါ ကား တင် ခဲ့ ကြ ပြီ။ Judson Bible ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကိုလည်းကောင်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။ |
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
အဘယ်ကြောင့်ဆိုသော်သင်တို့သည် မိမိတို့ ၏လူ့ဇာတိအလိုသို့လိုက်၍ပြုမူကျင့်ကြံ ပါကသေရကြမည်။ သို့သော်မိမိတို့၏ အကျင့်ဆိုးများကိုဝိညာဉ်တော်အားဖြင့် အဆက်ဖြတ်ကြမည်ဆိုလျှင်မူကား အသက်ရှင်ကြလိမ့်မည်။-
သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။-
သို့ရာတွင်လူအသီးသီးတို့သည်မိမိတို့ အလှည့်ကျရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်သည်ဦးစွာပထမရှင်ပြန် ထမြောက်တော်မူသည်။ ထိုနောက်ခရစ်တော် ကြွလာတော်မူသောအခါကိုယ်တော်၏ တပည့်တော်တို့ရှင်ပြန်ထမြောက်ပေအံ့။-
သင်တို့ကိုခရစ်တော်ပိုင်တော်မူ၍ခရစ်တော် ကိုဘုရားသခင်ပိုင်တော်မူ၏။
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
သင်တို့သည်အပြင်အပလက္ခဏာများကိုသာ ကြည့်ရှုတတ်ကြ၏။ သင်တို့အနက်မိမိကိုယ် ကိုခရစ်တော်၏တပည့်ဖြစ်သည်ဟုစိတ်ချသူ ရှိလျှင် ထိုသူသည်ခရစ်တော်၏တပည့်ဖြစ် သကဲ့သို့ ငါတို့သည်လည်းခရစ်တော်၏တပည့် များဖြစ်ကြောင်းကိုပြန်လည်စဉ်းစားကြည့် စေ။-
သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။-
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် ပါလျှင် အာဗြဟံ၏သားမြေးများလည်း ဖြစ်သဖြင့် ကတိတော်ရှိသည်အတိုင်းဘုရား သခင်၏ဆုကျေးဇူးတော်ကိုခံစားရကြ လိမ့်မည်။
ရုပ်တုကိုကိုးကွယ်ခြင်း၊ စုန်းအတတ်ဖြင့်ပြုစား ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ကြီးပွားကျော်ကြားလိုစိတ် ရှိခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊-
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
ဤအကြောင်းကြောင့်ခရစ်တော်ယေရှု၏ အကျဉ်းသားဖြစ်သူငါပေါလုသည်သင်တို့ လူမျိုးခြားများ၏အတွက် ဘုရားသခင်ထံ တော်သို့ဆုတောင်းပတ္ထနာပြု၏။-
ဘုရားသခင်သည်မိမိ၏ထာဝရအကြံ အစည်တော်နှင့်အညီ ငါတို့အရှင်ခရစ် တော်ယေရှုအားဖြင့်ယင်းသို့စီမံတော်မူ သတည်း။-
ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။
ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။-
ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။-