သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
ဂလာတိ 5:14 - Common Language Bible ``သင်၏အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် လော့'' ဟူသောပညတ်သည်ပညတ်တရား၏ အချုပ်အခြာဖြစ်၏။- Garrad Bible အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော ကျမ်း တစ် ချက်၌ ပ ညတ် တ ရား အ လုံး စုံ ချုပ် ခြာ လျက် ရှိ၏။ Judson Bible အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပညတ်တရားအားလုံးသည် “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသောစကားတစ်ခွန်းတည်း၌ပြည့်စုံ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ကို လိုက်နာလျှင် ပညတ်တရားအားလုံးကို လိုက်နာရာရောက်သောကြောင့် ဖြစ်၏။ |
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
`အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။
ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။-
ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။-
အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-