ကွန်တော်မျိုး၏ရန်သူမားသည်နှုတ်ကပတ် တော်ကို ပမာဏမပြုကြသဖြင့် ကွန်တော်မျိုး၏အမက်ဒေါသသည်မီးလှံသဖွယ် တောက်လောင်လက်ရှိပါ၏။
ဂလာတိ 4:18 - Common Language Bible ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။- Garrad Bible သို့ ရာ တွင် သင် တို့၌ ခ ရစ် တော်၏ ပုံ တော် မ ကျ မီ ဖွား မြင် ခြင်း ဝေ ဒ နာ ခံ စား ပြန် စေ သော ငါ့ သူ ငယ် တို့၊ ငါ ရှိ စဉ် သာ မ ဟုတ်၊ အ ခါ ခပ် သိမ်း ပင် သင် တို့ အ ကျိုး ငှာ စွဲ လမ်း ခြင်း ခံ ကြ လျင် ကောင်း လှ ပေ၏။ Judson Bible သို့သော်လည်း သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့နှင့်အတူ ကျွန်ုပ်ရှိနေချိန်၌သာ မဟုတ်ဘဲ လူတို့သည် သင်တို့ကို ကောင်းသောရည်ရွယ်ချက်ဖြင့် အစဉ်အမြဲ အရေးတယူ ဆက်ဆံကြသည်မှာ ကောင်း၏။ |
ကွန်တော်မျိုး၏ရန်သူမားသည်နှုတ်ကပတ် တော်ကို ပမာဏမပြုကြသဖြင့် ကွန်တော်မျိုး၏အမက်ဒေါသသည်မီးလှံသဖွယ် တောက်လောင်လက်ရှိပါ၏။
ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
ပထမဆုံးအကြိမ်သင်တို့အားသတင်း ကောင်းကိုငါဟောပြောကြေညာရခြင်းမှာ ငါ၏ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ် ကြောင်းသင်တို့သိကြ၏။-
ငါ့ကိုအတိုက်အခံပြုသူများသည်သင်တို့ အပေါ်တွင်များစွာစိတ်ဝင်စားလျက်ရှိကြ၏။ သို့ရာတွင်ရိုးသားသောရည်ရွယ်ချက်ဖြင့် မဟုတ်။ သင်တို့၏တုံ့ပြန်စိတ်ဝင်စားမှုကို ခံယူရရှိနိုင်ရန်သင်တို့အားငါနှင့်အဆက် ဖြတ်စေလိုသောကြောင့်ဖြစ်သည်။-
သင်တို့အားငါဆုံးမသံပြောင်းစေရန်ငါသည် ယခုပင်လျှင် သင်တို့နှင့်အတူရှိချင်ပါဘိ။ ငါ သည်သင်တို့အတွက်အလွန်စိုးရိမ်ပူပန်လျက် ရှိ၏။
ယခုသင်တို့အဖို့အရေးကြီးသည့်အရာမှာ ခရစ်တော်၏တရားတော်နှင့်အညီပြုမူနေထိုင် ကြရန်ပင်ဖြစ်ပေသည်။ သင်တို့ထံသို့ငါပြန် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေသာသနာ တော်တည်တံ့ကြီးပွားရေးအတွက်ကြံ့ခိုင်စွာ ရပ်တည်၍တစ်စိတ်တစ်သဘောတည်း၊ ရည်ရွယ် ချက်တစ်ခုတည်းဖြင့်သတင်းကောင်းနှင့်ဆိုင် သောယုံကြည်ခြင်းတရားအတွက်သင်တို့တိုက်ပွဲ ဝင်လျက်ရှိကြကြောင်းကိုငါကြားသိလို၏။-
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-