ထိုကာလ၌ငါသည်မိမိ၏ဝိညာဉ်တော်ကို ယောကျာ်းအစေခံများနှင့်၊မိန်းမအစေခံများ အပေါ်သို့ပင်သက်ရောက်စေတော်မူမည်။
ဂလာတိ 3:28 - Common Language Bible သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။- Garrad Bible သင် တို့ ရှိ သ မျှ သည် ခ ရစ် တော် ယေ ရှု၌ တစ် ကိုယ် တည်း ဖြစ် သည့် အ လျောက် ယု ဒ လူ မျိုး နှင့် လူ မျိုး ခြား အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ၊ ယောက်ျား နှင့် မိန်း မ အ ဖြစ် အ နေ မ ရှိ ရာ။ Judson Bible ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။ |
ထိုကာလ၌ငါသည်မိမိ၏ဝိညာဉ်တော်ကို ယောကျာ်းအစေခံများနှင့်၊မိန်းမအစေခံများ အပေါ်သို့ပင်သက်ရောက်စေတော်မူမည်။
ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
အကျွန်ုပ်သည်အထံတော်သို့လာမည်ဖြစ်၍ ဤလောကတွင်ရှိတော့မည်မဟုတ်ပါ။ ထိုသူ တို့မူကားရှိကြပါမည်။ သန့်ရှင်းမြင့်မြတ်တော် မူသောအဖ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည်တစ် လုံးတစ်ဝတည်းဖြစ်သည်နည်းတူ ဤသူတို့ သည်လည်းတစ်လုံးတစ်ဝတည်းဖြစ်ကြ စေရန် အကျွန်ုပ်အားအပ်နှင်းထားတော်မူ သည့်နာမတော်၏တန်ခိုးဖြင့်သူတို့ကို စောင့်ထိန်းခဲ့ပါ၏။-
ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
လူတို့အားဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံနိုင်သောနည်းလမ်းမှာယေရှုခရစ် ကိုယုံကြည်ခြင်းဖြစ်သည်။ လူတို့သည်ခြား နားခြင်းမရှိ။-
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
ငါတို့သည်ကိုယ်တော်ခေါ်ယူတော်မူသော သူများဖြစ်ကြ၏။ ကိုယ်တော်သည်ငါတို့ကို ခေါ်ယူရာတွင်ယုဒအမျိုးသားများအထဲ မှသာမက လူမျိုးခြားများအထဲမှ လည်းခေါ်ယူတော်မူသတည်း။
ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-
အရေဖျားလှီးခံသည်မခံသည်မှာပဋ္ဌာန မဟုတ်။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းသာလျှင်ပဋ္ဌာနဖြစ်၏။-
ဤသို့ပြုတော်မူခြင်းမှာလူမျိုးခြားတို့ သည်ခရစ်တော်ယေရှုကိုအမှီပြု၍ အာဗြဟံ ခံစားရသည့်ကောင်းချီးမင်္ဂလာကိုခံစား ရစေရန်လည်းကောင်း၊ ငါတို့သည်ဘုရား သခင်ကတိထားတော်မူသောဝိညာဉ်တော် ကိုယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ကြစေ ရန်လည်းကောင်းဖြစ်၏။
သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။-
ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။-
ခရစ်တော်ယေရှု၏တပည့်များသည်လူ့ဇာတိစိတ် နှင့်၎င်း၏လိုအင်ဆန္ဒများကို လက်ဝါးကပ်တိုင်ပေါ် တွင်တင်၍ကွပ်မျက်လိုက်ကြလေပြီ။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
ဘုရားသခင်၏အလိုတော်အရ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံ ရသောပေါလုထံမှ ဧဖက်မြို့နေဘုရား သခင်၏လူစုတော်ဖြစ်သူ၊ သစ္စာရှိစွာ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြသူအပေါင်းတို့ထံသို့စာရေး လိုက်ပါသည်။
သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။-
ခရစ်တော်ယေရှု၏အစေခံများဖြစ်သည့် ပေါလုနှင့်တိမောသေတို့ထံမှ ဖိလိပ္ပိမြို့တွင် နေထိုင်ကြကုန်သောသင်းအုပ်များနှင့်သင်း ထောက်လူကြီးများမှစ၍ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကြသောသခင် ဘုရား၏လူစုတော်ဝင်အပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။
အဘယ်ကြောင့်ဆိုသော်သင်တို့သည်ခရစ်တော် ယေရှုကိုယုံကြည်၍ ဘုရားသခင်၏လူစုတော် ဝင်အပေါင်းတို့အားချစ်ကြသည်ကိုငါတို့ ကြားသိရသောကြောင့်ဖြစ်ပေသည်။-
သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။
ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-
ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်ဖြစ်သူ၊ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါတို့ရရှိမည်ဟုကတိထားတော်မူသော အသက်အကြောင်းကိုကြေညာသူငါပေါလု ထံမှ၊-