အို ထာဝရဘုရား၊ ယခုအခါထိုသူတို့၏ ခြိမ်းခြောက်ခြင်းကိုရှုမှတ်တော်မူပါ။ ကိုယ်တော် ရှင်၏အစေခံတို့အားအရှင့်တရားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့်ကိုပေးသနားတော် မူပါ။-
ကောလောသဲ 4:4 - Common Language Bible သို့ဖြစ်၍တရားတော်ကိုဟောပြောအပ်သည် နှင့်အညီ ငါသည်ရှင်းလင်းပြတ်သားစွာဟော ပြောနိုင်ရန်ဆုတောင်းကြလော့။ Judson Bible ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူမည် အကြောင်းကိုလည်းကောင်း၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဖော်ပြမည် အကြောင်းကိုလည်းကောင်း၊ ငါတို့အဖို့လည်း ဆုတောင်းကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုနက်နဲသောအရာကို ဟောပြောသင့်သည့်အတိုင်း ရှင်းလင်းပြတ်သားစွာ ငါဟောပြောနိုင်ရန်လည်း ဆုတောင်းပေးကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ဟောပြောသင့်သည့်အတိုင်း ထိုလျှို့ဝှက်နက်နဲသောတရားတော်ကို ရှင်းလင်းစွာ ဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။ |
အို ထာဝရဘုရား၊ ယခုအခါထိုသူတို့၏ ခြိမ်းခြောက်ခြင်းကိုရှုမှတ်တော်မူပါ။ ကိုယ်တော် ရှင်၏အစေခံတို့အားအရှင့်တရားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့်ကိုပေးသနားတော် မူပါ။-
ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
ငါသည်အကျဉ်းခံနေရသူဖြစ်သော်လည်းထို သတင်းကောင်းအတွက်သံတမန်ဖြစ်ပါ၏။ ထို သတင်းကောင်းကိုဟောပြောအပ်သည်နှင့်အညီ ငါသည်ရဲရင့်စွာဟောပြောနိုင်ရန်ဆုတောင်း ကြလော့။
သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-
သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။