ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။-
ကောလောသဲ 3:7 - Common Language Bible အခါတစ်ပါးကသင်တို့ကိုယ်တိုင်လည်းထို အပြစ်ဒုစရိုက်များကိုကူးလွန်လျက် အသက်ရှင်နေထိုင်ခဲ့ကြ၏။ Garrad Bible ထို အ မှု များ၌ သင် တို့ ရှင် နေ သည့် ကာ လ၊ Judson Bible ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဖော်သောအခါ၊ ထိုအမှုများ၌ ကျင်လည်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည်လည်း ယခင်က ထိုအရာတို့၌ အသက်ရှင်ကြစဉ် ထိုအရာတို့ထဲတွင် ကျင်လည်ခဲ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က သင်တို့သည်လည်း ထိုအကျင့်များ ကျင့်လျက် ထိုဘဝမျိုးဖြင့် ပြုမူနေထိုင်ခဲ့ကြ၏။ |
ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။-
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-