ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
ကောလောသဲ 2:17 - Common Language Bible ထိုအရာတို့သည်နောင်အခါဖြစ်ပေါ်လာမည့် အရာတို့၏အရိပ်အရောင်မျှသာဖြစ်ကြ၏။ အတုမဟုတ်အစစ်မှာခရစ်တော်ဖြစ်သည်။- Garrad Bible ထို အ ရာ များ သည် ပေါ် လ တ္တံ့ သော အ ရာ များ၏ အ ရိပ် မျှ ဖြစ်၏။ ပြ က တေ့ ကား ခ ရစ် တော် နှင့် ဆိုင် သ တည်း။ Judson Bible ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ၎င်းတို့သည် ဖြစ်လာမည့်အရာများ၏အရိပ်မျှသာဖြစ်ကြပြီး အကောင်အထည်အစစ်မူကား ခရစ်တော်၌ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ၎င်းတို့သည် နောင်ဖြစ်လာမည့်အရာများ၏ အရိပ်သာ ဖြစ်၏။ အကောင်အထည်အစစ်အမှန်ကမူ ခရစ်တော်ပင် ဖြစ်၏။ |
ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
ဤအရာအပေါင်းတို့သည်မျက်မှောက်ခေတ်ကို ညွှန်ပြနေသည့်အမှတ်လက္ခဏာဖြစ်၏။ ပြဌာန်း ထားသည့်ပူဇော်သကာနှင့်ယဇ်များသည် ဝတ်ပြု သောသူ၏စိတ်နှလုံးကိုဖြူစင်သန့်ရှင်းအောင် ပြုပြင်၍မပေးနိုင်။-