သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
ကောလောသဲ 2:10 - Common Language Bible သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။ Garrad Bible နတ် မင်း နှင့် အာ ဏာ ရှင် ရှိ သ မျှ တို့ အ ပေါ် တွင် ဦး ထိပ် ဖြစ် သော ကိုယ် တော် အား ဖြင့် သင် တို့ ပြည့် စုံ လျက် ရှိ ကြ၏။ Judson Bible အထွတ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အုပ်ချုပ်မှုနှင့်အာဏာစက်ရှိသမျှတို့၏ဦးခေါင်းဖြစ်တော်မူသော ထိုသခင်အားဖြင့် ပြည့်စုံခြင်းသို့ရောက်ကြပြီး ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ပြည့်စုံသောအနေအထားသို့ ရောက်လာကြသောကြောင့် ဖြစ်၏။ ထိုခရစ်တော်သည် အုပ်စိုးမှုနှင့် အာဏာစက်အပေါင်းတို့ကို အစိုးရတော်မူ၏။ |
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
ထိုနောက်ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။ ထိုအခါခရစ်တော်သည်ရှိရှိသမျှသော ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များ၊ အာဏာ ပိုင်များနှင့်စိုးမိုးအုပ်ချုပ်သူများကိုနှိမ်နင်း ၍နိုင်ငံတော်ကိုခမည်းတော်ဘုရားသခင် ၏လက်တော်သို့ပေးအပ်တော်မူလိမ့်မည်။-
ဤသို့ပြုတော်မူခြင်းမှာကောင်းကင်လောက ကိုအစိုးရသူများနှင့်အာဏာပိုင်များသည် ကိုယ်တော်၏အထူးထူးအပြားပြားသော ဉာဏ်ပညာတော်ကို ယခုအခါ၌အသင်း တော်အားဖြင့်သိလာကြစေရန်ပင်ဖြစ် ပေသည်။-
ကိုယ်တော်၏မေတ္တာတော်ကိုအဘယ်အခါ၌ မျှအပြည့်အဝနားလည်နိုင်မည်မဟုတ်သော် လည်း သင်တို့သည်ထိုမေတ္တာတော်ကိုသိရှိနား လည်လာကြသဖြင့် ဘုရားသခင်ပြည့်စုံသည် နှင့်အမျှပြည့်စုံစေတော်မူရန်ဆုတောင်းပတ္ထ နာပြု၏။
ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။
သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။
ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊-
ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ ၍ ယခုအခါဘုရားသခင်လက်ယာတော် ဘက်တွင်ရှိတော်မူပြီးလျှင်ကောင်းကင်တမန် များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုး ရှင်များကိုအုပ်စိုး၍နေတော်မူ၏။