အရက်လေးဆယ်လွန်သော်နောဧသည်ပြူတင်း ပေါက်ကိုဖွင့်၍ ကျီးအတစ်ကောင်ကိုလွှတ် လိုက်၏။-
ကမ္ဘာဦး 8:7 - Common Language Bible ကျီးအလည်းပြန်မလာတော့ချေ။ မြေကြီး ပေါ်တွင်ရေခန်းခြောက်သည့်တိုင်အောင်လူး လာပျံသန်းလျက်သာနေ၏။- Garrad Bible ထို ကျီး အ သည် မြေ ပေါ် မှာ ရေ မ ခြောက် မ ချင်း လူး လာ ပျံ သန်း နေ လေ ၏။ Judson Bible ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မီတိုင်အောင်၊ သွားလာလျက် နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကျီးကန်းတစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးကန်းသည် မြေပေါ်မှာ ရေမခန်းခြောက်မချင်း လူးလာပျံသန်းလျက်နေ၏။ |
အရက်လေးဆယ်လွန်သော်နောဧသည်ပြူတင်း ပေါက်ကိုဖွင့်၍ ကျီးအတစ်ကောင်ကိုလွှတ် လိုက်၏။-
တစ်ဖန်နောဧသည်ရေကျသည်မကျသည်ကို သိရှိရန် ချိုးငှက်တစ်ကောင်ကိုလွှတ်လိုက်၏။-
သင်သည်ထိုချောင်းမှသောက်ရေကိုရလိမ့်မည်။ သင်ရှိရာသို့အစားအစာယူဆောင်လာရန် ကျီးအတို့ကိုလည်းငါမှာထားပြီးဖြစ်သည်'' ဟုမိန့်တော်မူ၏။
သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။