ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
ကမ္ဘာဦး 50:14 - Common Language Bible ယောသပ်သည်အဖကိုသင်္ဂြိုဟ်ပြီးနောက်သူ ၏ညီအစ်ကိုများမှစ၍ အခြားလိုက်ပါလာ ကြသူအပေါင်းတို့နှင့်တကွအီဂျစ်ပြည် သို့ပြန်ခဲ့လေသည်။ Garrad Bible ယော သပ် သည် အ ဘ အ လောင်း ကို သင်္ဂြိုဟ် ပြီး လျှင် ညီ အစ် ကို မှ စ၍ မ သာ ပို့ သူ အ ပေါင်း တို့ နှင့် တ ကွ အိ ဂျစ် ပြည် သို့ ပြန် လေ ၏။ Judson Bible ယောသပ်သည်အဘကိုသင်္ဂြိုဟ်ပြီးလျှင်၊ အစ်ကိုများမှစ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့်တကွ၊ အဲဂုတ္တုပြည်သို့ပြန်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖခင်ကို သင်္ဂြိုဟ်ပြီးနောက် ယောသပ်သည် မိမိညီအစ်ကိုတို့မှစ၍ ဖခင်ကိုသင်္ဂြိုဟ်ရန်လိုက်ပါသွားသောသူအပေါင်းတို့နှင့်အတူ အီဂျစ်ပြည်သို့ ပြန်လာ၏။ |
ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
ယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။-