ရေလွှမ်းမိုးပြီးသည့်နောက်နောဧ၏သားများ ဖြစ်ကြသောရှေမ၊ ဟာမနှင့်ယာဖက်တို့မှ ဆင်းသက်သောသားစဉ်မြေးဆက်ကိုဖော်ပြ ပေအံ့။-
ကမ္ဘာဦး 5:1 - Common Language Bible အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။- Garrad Bible အာ ဒံ၏ သား စဉ် မြေး ဆက် စာ ရင်း ဟူ မူ ကား၊ ဘု ရား သ ခင် သည် လူ ကို ဖန် ဆင်း တော် မူ သော ကာ လ၌ ပုံ သဏ္ဌာန် တော် နှင့် အ ညီ ဖန် ဆင်း၍ ယောက်ျား နှင့် မိန်း မ ကို ဖြစ် စေ တော် မူ ၏။ Judson Bible အာဒံ၏သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကိုဖန်ဆင်းတော်မူသောကာလ၌၊ မိမိပုံသဏ္ဌာန်နှင့်အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍ |
ရေလွှမ်းမိုးပြီးသည့်နောက်နောဧ၏သားများ ဖြစ်ကြသောရှေမ၊ ဟာမနှင့်ယာဖက်တို့မှ ဆင်းသက်သောသားစဉ်မြေးဆက်ကိုဖော်ပြ ပေအံ့။-
ဤနည်းအားဖြင့်စကြဝဠာကိုဖန်ဆင်း တော်မူ၏။ ထာဝရအရှင် ဘုရားသခင်သည်စကြဝဠာကို ဖန်ဆင်း တော်မူသောအခါ၊-
နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။
ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
အမျိုးသားသည်မိမိ၏ဦးခေါင်းကိုဖုံး အုပ်ရန်မသင့်။ အဘယ်ကြောင့်ဆိုသော်သူ သည်ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ဘုန်း အသရေတော်ကိုရောင်ပြန်ဟပ်သူဖြစ်သော ကြောင့်တည်း။ အမျိုးသမီးသည်ကားအမျိုး သား၏ဘုန်းအသရေကိုရောင်ပြန်ဟပ်သူ ဖြစ်၏။-
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။
လူသစ်ကိုဝတ်ဆင်ကြလေပြီ။ ဖန်ဆင်းတော်မူ ရှင်ဘုရားသခင်သည် ထိုလူသစ်အားမိမိ၏ ပုံသဏ္ဌာန်တော်နှင့်အညီအမြဲအသစ်ပြုပြင် လျက်နေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ သင်တို့သည်ကိုယ်တော်ကိုပြည့်ဝစုံလင်စွာ သိကျွမ်းလာကြစေရန်ပင်ဖြစ်ပေသည်။-
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
ငါတို့အားဆုံးမသောလူဖခင်ကိုငါတို့ ကရိုသေလေးစားကြပေသည်။ သို့ဖြစ်၍ ငါတို့သည်ဝိညာဉ်ရေးဆိုင်ရာဖခင်၏ အဆုံးအမကိုပို၍ပင် ခံယူကာအသက် ရှင်သင့်ကြသည်မဟုတ်လော။-