ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
ကမ္ဘာဦး 49:28 - Common Language Bible ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။ Garrad Bible ထို သူ တို့ ကား ဣ သ ရေ လ အ မျိုး ဆယ့် နှစ် နွယ် ဖြစ် ကြ ၏။ ဤ စ ကား လည်း အ ဘ မင်္ဂ လာပေး ရာ အ သီး အ သီး ခံ အပ် သည် နှင့် အ ညီ ကောင်း ကြီး ပေး သော စ ကား ပေ တည်း။ Judson Bible ဤသူတို့ကား၊ ဣသရေလအမျိုးဆယ်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့အသီးအသီးခံရသောမင်္ဂလာရှိသည်အတိုင်း၊ ကောင်းချီးပေးသောစကားပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။ |
ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
ဗင်္ယာမိန်သည်လုယူကိုက်စားတတ်သော ဝံပုလွေနှင့်တူ၏။ နံနက်နှင့်ညနေအချိန်၌သားကောင်ကို ကိုက်ဖြတ်၍စားတတ်၏'' ဟုမြွက်ဆို၏။
ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။-
သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
ထိုအမိန့်စာများတွင်မင်းကြီးသည်ယုဒ အမျိုးသားတို့အား မိမိတို့၏အသက် ဘေးကိုကာကွယ်ရန်အတွက်စုရုံးခွင့်ပြု တော်မူကြောင်းပါရှိလေသည်။ မည်သည့် ပြည်နယ်၌မဆိုယုဒယောကျာ်းနှင့်ဇနီး သားသမီးများကိုလက်နက်စွဲကိုင်တိုက် ခိုက်လာသောအဘယ်လူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိကြ၏။ သူ တို့အားတစ်ယောက်မကျန်သတ်ဖြတ် ပြီးလျှင်သူတို့၏ပစ္စည်းများကိုလုယူ နိုင်လေသည်။-
ထိုအခါဇေရဇ်မင်းသည်ဧသတာနှင့် ယုဒအမျိုးသားမော်ဒကဲအား``ငါသည် ဟာမန်အားယုဒအမျိုးသားများကို သတ်ဖြတ်ရန်ကြံစည်သည့်အတွက်လည်ဆွဲ တိုင်၌ကွပ်မျက်စေခဲ့ပြီ။ သူ၏အိမ်ရာပစ္စည်း များကိုလည်းဧသတာအားပေးခဲ့ပြီ။-
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
ဣသရေလနိုင်ငံသည်ခွန်အားကြီးသောခြင်္သေ့ နှင့်တူ၏။ သားကောင်ကိုမသတ်ဖြတ်သွေးကိုမသောက် ရလျှင် ထိုခြင်္သေ့သည်ငြိမ်ဝပ်၍နေမည်မဟုတ်။''
ထိုကတိတော်ကားယုဒအမျိုးအနွယ် တစ်ဆယ့်နှစ်ပါးတို့သည် နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် မျှော်လင့်စောင့်စားနေကြသည့်ကတိ တော်ပင်ဖြစ်ပါ၏။ အရှင်မင်းကြီး၊ ဤ သို့မျှော်လင့်စောင့်စားခြင်းကြောင့် အကျွန်ုပ် အားယုဒအမျိုးသားတို့စွပ်စွဲပြောဆို ကြခြင်းဖြစ်ပါ၏။-
ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။
ထိုနောက်တံဆိပ်ခတ်နှိပ်ထားသူတို့၏အရေ အတွက်ကိုငါကြားသိရ၏။ ယင်းအရေ အတွက်မှာတစ်သိန်းလေးသောင်းလေးထောင် ရှိ၍ ဣသရေလတစ်ဆယ့်နှစ်နွယ်ဖြစ်ကြသော၊-