သူတို့သည်သိုးထိန်းများဖြစ်၍တိရစ္ဆာန်များ ကိုထိန်းကျောင်းရပါသည်။ သူတို့သည်သိုး ဆိတ်နှင့်ရှိသမျှပစ္စည်းများကိုယူဆောင်ခဲ့ ကြပါပြီဟုလျှောက်ထားပါမည်။-
ထို သူ တို့ သည် သိုး နွား ကို မွေး၍ ထိန်း ကျောင်း သူ များ ဖြစ် သ ဖြင့် သိုး အုပ် နွား အုပ် မှ စ သော ရှိ သ မျှ ကို ဆောင် ခဲ့ ကြ ပါ ပြီ ဟု တင် လျှောက် မည်။
ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကိုမွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟုလျှောက်မည်။
သူတို့သည် သိုးဆိတ်ကိုထိန်းကျောင်းသောသူများ၊ တိရစ္ဆာန်မွေးမြူသောသူများ ဖြစ်ကြပါ၏။ သူတို့၏သိုးဆိတ်များ၊ နွားများနှင့် သူတို့ပိုင်ဆိုင်သောအရာအားလုံးတို့ကို ယူဆောင်လာကြပါပြီ’ဟု အကျွန်ုပ်လျှောက်ထားပါမည်။
ယာကုပ်မိသားစု၏အတ္ထုပ္ပတ္တိကိုဖော်ပြပေအံ့။ ယောသပ်သည်အသက်တစ်ဆယ့်ခုနစ်နှစ်သို့ ရောက်သော် ဖခင်၏မယားငယ်များဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားများနှင့် အတူသိုးဆိတ်များကိုထိန်းကျောင်းရ၏။ သူ သည်အစ်ကိုတို့အကြောင်းကိုဖခင်အား တိုင်ကြားတတ်၏။
ထိုနောက်သူ၏ညီအာဗေလကိုဖွားမြင်၏။ အာဗေလသည်သိုးထိန်းဖြစ်၍ ကာဣနကား လယ်သမားဖြစ်၏။-
ဖခင်နှင့်တကွသားသမီး၊ မြေးများ၊ သိုး၊ ဆိတ်၊ နွားမှစသောဖခင်ပိုင်ပစ္စည်းဥစ္စာရှိသမျှတို့ ကိုယူဆောင်၍သားနှင့်အနီးဂေါရှင်အရပ်၌ နေထိုင်ပါလော့။-
ထိုနောက်ယောသပ်ကသူ၏အစ်ကိုတို့နှင့် အခြားသားချင်းတို့အား``ကျွန်ုပ်သည်ဖာရော ဘုရင်ထံသို့သွား၍ခါနာန်ပြည်မှကျွန်တော် မျိုး၏အဖနှင့်ညီအစ်ကိုတို့သည်ကျွန်တော် မျိုးထံသို့ရောက်ရှိလာကြပါပြီ။-
ဖာရောဘုရင်ကသင်တို့ကိုဆင့်ခေါ်၍ သင်တို့၏အလုပ်အကိုင်ကိုမေးလျှင်၊-
ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။
ဖာရောဘုရင်ကယောသပ်၏အစ်ကိုတို့ အား``သင်တို့မည်သည့်အလုပ်ကိုလုပ်ကိုင် ကြသနည်း'' ဟုမေးလေ၏။ သူတို့က``ကျွန်တော်မျိုးတို့သည်ဘိုးဘေး များကဲ့သို့သိုးထိန်းများဖြစ်ကြပါသည်။-
နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။-
ဟိရံမင်းသည်လည်းအလုပ်ရည်ဝသည့်သင်္ဘော သားအချို့ကို ရှောလမုန်၏လူတို့နှင့်အတူ အမှုထမ်းရန်ပေးပို့တော်မူ၏။-
မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။-
ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
ယင်းသို့ပြုမည့်အစား`အကျွန်ုပ်သည်ပရော ဖက်မဟုတ်ပါ။ လယ်သမားဖြစ်၍တစ်သက် လုံးလယ်ယာကိုထွန်ယက်ခဲ့ပါ၏' ဟုဆို လိမ့်မည်။-
``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။ ယေရှဲက``သားအငယ်ဆုံးရှိပါသေးသည်။ သူသည်သိုးများကိုကျောင်းလျက်နေပါ၏'' ဟုဆို၏။ ရှမွေလက``သူ့အားခေါ်ခဲ့လော့။ သူမရောက် မချင်းငါတို့သည်ယဇ်ပူဇော်ပွဲကိုဝင်ကြ မည်မဟုတ်'' ဟုပြော၏။-