အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
ကမ္ဘာဦး 45:20 - Common Language Bible သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။ Garrad Bible ကိုယ့် ဥ စ္စာ ပ စ္စည်း များ ကို မ ခင် တွယ် ကြ နှင့်။ အိ ဂျစ် တစ် ပြည် လုံး၏ စီး ပွား ချမ်း သာ သည် သင် တို့ အ ဖို့ ဖြစ် လိမ့် မည် ဟူ၍ ဆို လော့။ ငါ အ မိန့် ရှိ သည် ဟု ယော သပ် အား မိန့် ဆို သည် နှင့် အ ညီ၊ Judson Bible သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည်၏စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏ဟု အမိန့်တော်ရှိသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ပစ္စည်းများကို မနှမြောနှင့်။ အကြောင်းမူကား အီဂျစ်ပြည်တစ်ပြည်လုံးရှိအကောင်းဆုံးသောအရာသည် သင်တို့ဥစ္စာဖြစ်၏’ဟူ၍ မှာကြားလော့”ဟု မိန့်ဆိုလေ၏။ |
အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။-
သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။-
ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။-
အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
လူတစ်ဦးကအခြားလူတစ်ဦးထံ၌၊ ငွေ သို့မဟုတ်အဖိုးတန်ပစ္စည်းများကိုအပ်နှံ ထားသောအခါ၊ ထိုပစ္စည်းများခိုးယူခြင်း ခံရသော်ခိုးသူကိုမိလျှင် ခိုးသူကနှစ်ဆ ပြန်လျော်စေရမည်။-
အကယ်၍သင်တို့သည်ငါ၏စကားကိုနားထောင်မည်ဆိုပါက မြေထွက်သီးနှံကောင်းများကိုစားသုံးရကြလိမ့်မည်။-
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
``သို့သော်ငါသည်သူတို့ကိုသနားသဖြင့် တောကန္တာရတွင်ဆုံးပါးပျက်စီးစေရန် မပြု။-
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
ထိုနောက်ဘုရားသခင်ကအခြားသူတို့ အား``ထိုသူ၏နောက်သို့လိုက်၍မြို့တွင်း တစ်လျှောက်တွင်သတ်ဖြတ်ကြလော့။ မည်သူ့ ကိုမျှချမ်းသာမပေးနှင့်။ မည်သူ့ကိုမျှ မသနားမညှာတာနှင့်။-
အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။-
``ထိုနေ့ရက်၌အိမ်မိုးပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှာရှိသည့်ဥစ္စာပစ္စည်းကိုယူရန် မဆင်းစေနှင့်။ ထိုနည်းတူလယ်ကွင်းသို့ရောက် နေသူသည်လည်းအိမ်ကိုမပြန်စေနှင့်။-
သူ့အားမသနားမညှာတာရ။ သင်တို့သည် အေးချမ်းစွာနေထိုင်နိုင်ရန် ဣသရေလလူ မျိုးထဲမှထိုလူသတ်သမားကိုဖယ်ရှားပစ် ရမည်။''
ယင်းသို့သောအမှုများကိုစီရင်ရာ၌သနား ညှာတာမှုမရှိစေရ။ သူတစ်ပါးအသက်ကို သတ်လျှင် သေစားသေစေ။ မျက်စိကိုဖျက်လျှင် မျက်စိဖျက်ခံစေ။ သွားကိုချိုးလျှင်သွားချိုး ခံစေ။ လက်ကိုချိုးလျှင်လက်ချိုးခံစေ။ ခြေ ကိုချိုးလျှင်ခြေချိုးခံစေ။''
သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင် တို့၏လက်သို့အပ်တော်မူသောလူမျိုးရှိသမျှ ကို သင်တို့သည်သုတ်သင်ဖျက်ဆီးပစ်ရမည်။ ထို သူတို့အားမသနားမညှာတာရ။ ထိုသူတို့ ၏ဘုရားများကိုဝတ်မပြုရ။ ဝတ်ပြုလျှင် သင်တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့် မည်။''
ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။-
လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
ထိုအခါဒါဝိဒ်သည်သူတို့အား``ဋ္ဌားကိုခါး တွင်ပတ်စည်းကြလော့'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ပတ်စည်းကြ၏။ ဒါဝိဒ် သည်လည်းမိမိ၏ဋ္ဌားကိုခါးတွင်ပတ်စည်း ကာ လူလေးရာခန့်နှင့်အတူထွက်ခွာသွား လေသည်။ လူနှစ်ရာကိုမူစခန်းစောင့်ရန် ထားခဲ့၏။
သင်တို့၏အကြံပေးချက်ကိုအဘယ်သူမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။ သင်တို့အားလုံးညီ တူညီမျှခွဲဝေယူရကြမည်။ စခန်းစောင့်နေ ရစ်ခဲ့သူသည်စစ်ပွဲဝင်ရန်သွားရောက်သူရရှိ သည့်အတိုင်းပင်ရရှိစေရမည်'' ဟုဆို၏။-