ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
ကမ္ဘာဦး 43:7 - Common Language Bible သူတို့က``ထိုသူသည်ကျွန်တော်တို့၏မိသား စုအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းပါသည်။ သူက`သင်တို့၏အဖအသက်ရှင်လျက်ရှိသေး သလော။ သင်တို့တွင်ညီရှိသေးသလော' ဟု မေးပါသည်။ ကျွန်တော်တို့ကသူ၏မေးခွန်း များကိုဖြေရပါသည်။ သူကကျွန်တော်တို့ ၏ညီကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့ရန်စေ ခိုင်းလိမ့်မည်ဟုကျွန်တော်တို့အဘယ်သို့သိ နိုင်မည်နည်း'' ဟုဖြေကြားကြ၏။ Garrad Bible သူ တို့ က၊ ထို မင်း သည် ကျွန် တော် တို့ နှင့် ဆွေ မျိုး သား ချင်း အ ကြောင်း သေ ချာ စွာ မေး မြန်း လျက် သင် တို့ အ ဘ အ သက် ရှင် သေး သ လော။ ညီ ရှိ သေး သ လော ဟု မေး ရာ သူ့ နှုတ် မြွက် စ ကား အ တိုင်း ပြန် ပြော ရ ပါ၏။ သင် တို့ ညီ ကို ဆောင် ခဲ့ ကြ ဟူ၍ ပြော မည် ကို အ မှန် သိ နိုင် ပါ သ လော ဟု လျှောက် ကြ ၏။ Judson Bible သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘအသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသောအခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကိုဆောင်ခဲ့ကြဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “ထိုသူက ‘သင်တို့၏ဖခင်အသက်ရှင်သေးသလော။ သင်တို့၌ညီရှိသလော’ဟု ဆိုလျက် အကျွန်ုပ်တို့အကြောင်း၊ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းသောကြောင့် အကျွန်ုပ်တို့သည် ထိုစကားများအလိုက် သူ့ကိုပြန်ဖြေရပါ၏။ ‘သင်တို့ညီကိုခေါ်ဆောင်ခဲ့လော့’ဟု သူပြောလိမ့်မည်ကို အကျွန်ုပ်တို့အမှန်သိနိုင်ပါမည်လော”ဟု ပြန်ပြောကြ၏။ |
ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။
ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
ထိုအခါယာကုပ်က``သင်တို့တွင်ညီတစ်ယောက် ရှိသေးသည်ဟု ထိုသူအားအဘယ်ကြောင့်ပြော ရသနည်း။ ငါ့ကိုဤမျှစိတ်ဆင်းရဲအောင်အဘယ် ကြောင့်ပြုလုပ်ရသနည်း'' ဟုဆို၏။