ကမ္ဘာဦး 43:34 - Common Language Bible ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။ Garrad Bible သူ တို့ အ ဖို့ ခဲ ဖွယ် စား ဖွယ် များ ကို ယော သပ် ရှေ့ မှ ယူ သွား စေ ရာ ဗင်္ယာ မိန် အ ဖို့ ထည့် ပေး လိုက် သော ခဲ ဖွယ် စား ဖွယ် ကား၊ အ သီး အ သီး တို့ ထက် ငါး ဆ များ သ တည်း။ ယော သပ် နှင့် အ တူ စား သောက် ပျော် ပါး ကြ ၏။ Judson Bible ယောသပ်သည်လည်း သူတို့စားရန်အဖို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဖို့သည် အစ်ကိုတို့ရသောအဖို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။ |
သူသည်ညီအစ်ကိုတစ်ယောက်စီတစ်ယောက် စီတို့အားအဝတ်အထည်တစ်စုံကျပေး၏။ ဗင်္ယာမိန်အတွက်မူကားငွေသားသုံးရာနှင့် အဝတ်အထည်ငါးစုံပေးလေ၏။-
ထိုနောက်မင်းကြီးသည်ဥရိယအား``အိမ်သို့ ပြန်၍ခေတ္တနားနေလော့'' ဟုဆို၏။ ဥရိယ ထွက်ခွာသွားသောအခါ ဒါဝိဒ်သည်သူ၏ အိမ်သို့လက်ဆောင်တစ်ခုပေးပို့လိုက်၏။-
ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။-
လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။
``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။
ဟန္နကိုမူအထူးဝေစုပေး၏။ ထာဝရဘုရား သည်ဟန္နအားသားသမီးမွေးဖွားခွင့်ကိုပေး တော်မမူသော်လည်း ဧလကာနသည်ဟန္န အားလွန်စွာချစ်မြတ်နိုးလေသည်။-