သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
ကမ္ဘာဦး 42:35 - Common Language Bible သူတို့သည်စပါးအိတ်များကိုသွန်ချကြ သောအခါ လူတိုင်းကမိမိ၏ငွေထုပ်ကိုမိမိ အိတ်ထဲတွင်တွေ့ရလေသော် အဖနှင့်တကွ သားတို့သည်ကြောက်လန့်ကြ၏။- Garrad Bible ထို နောက် အိတ် များ ကို ဖောက် သွန် ရာ အ သီး အ သီး တို့ အိတ် များ တွင် ဆိုင် ရာ ငွေ ထုပ် များ ကို တွေ့၍ သူ တို့ နှင့် အ ဘ သည် ၎င်း ငွေ ထုပ် များ ကို မြင် သော အ ခါ ကြောက် လန့် ကြ ၏။ Judson Bible မိမိတို့အိတ်များအထဲက စပါးကိုထုတ်သောအခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ်၌ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့်အဘသည် မြင်သောအခါ ကြောက်လန့်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် မိမိတို့အိတ်များကိုသွန်ချသောအခါ မိမိနှင့်ဆိုင်သောငွေထုပ်အသီးသီးသည် မိမိ၏အိတ်ထဲ၌ရှိ၏။ သူတို့နှင့်သူတို့၏ဖခင်သည် ထိုငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။ |
သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
သို့ဖြစ်၍ညီအစ်ကိုတို့သည်လက်ဆောင်များ နှင့်ငွေနှစ်ဆကိုယူ၍ အီဂျစ်ပြည်သို့ထွက်ခွာ သွားကြလေသည်။ သူတို့နှင့်အတူဗင်္ယာမိန် လည်းလိုက်ပါသွားလေ၏။ ထိုပြည်သို့ရောက် သောအခါသူတို့သည်ယောသပ်ထံသို့ဝင် ၍ခစားကြ၏။-
အိမ်ပြန်ခရီးတွင်စခန်းချ၍စပါးအိတ်များ ကိုဖွင့်လိုက်ရာ တစ်ယောက်စီ၏အိတ်ဝတွင် မိမိ၏စပါးဖိုးငွေမလျော့ဘဲတွေ့ရပါသည်။ ကျွန်တော်တို့သည်ထိုငွေကိုယခုပြန်၍ ယူခဲ့ကြပါသည်။-
ယောသပ်သည်အိမ်တော်ဝန်အား``ထိုသူတို့ ၏အိတ်များတွင်ရိက္ခာစပါးကိုသူတို့သယ်နိုင် သမျှဖြည့်ပေးလော့။ တစ်ယောက်စီ၏အိတ်ဝ ၌လည်းသူ၏စပါးဖိုးငွေကိုထည့်ပေးလော့။-