သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။-
ကမ္ဘာဦး 42:33 - Common Language Bible ထိုပြည်ကိုအုပ်စိုးသူက`သင်တို့သည်ရိုးသား သူများဖြစ်ကြောင်းကို ငါသိနိုင်ရန်ဤသို့ပြု လုပ်ရမည်။ သင်တို့အနက်တစ်ယောက်ကိုငါထံ ၌ထားခဲ့ရမည်။ ကျန်သောသူတို့ကရိက္ခာပြတ် နေသောသင်တို့၏မိသားစုထံသို့စပါးယူ ၍ပြန်ကြလော့။- Garrad Bible ထို နိုင် ငံ ချုပ် မင်း က၊ သင် တို့ သည် လူ ရိုး လူ ကောင်း မှန် မ မှန် ငါ သိ ရန် နည်း မှာ၊ ညီ အစ် ကို ဖြစ် သော သင် တို့ အ နက် တစ် ယောက် ကို ငါ့ ထံ၌ ထား ခဲ့၍ အိမ် သူ အိမ် သား တို့ မွတ် သိပ် ခြင်း ကင်း စေ ရန် စ ပါး ကို ယူ သွား ပြီး လျှင် ညီ ထွေး ကို ငါ့ ထံ သို့ ဆောင် ခဲ့ ကြ လော့။ Judson Bible ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည်နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍ သွားကြလော့၊ မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်၏အရှင်သခင်ကလည်း အကျွန်ုပ်တို့အား ‘သင်တို့သည် ရိုးသားသောသူများဖြစ်ကြောင်းကို ဤသို့ဖြင့် ငါသိရလိမ့်မည်။ သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို ငါ့ထံ၌ထားခဲ့လော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူ၍ ပြန်သွားကြလော့။ |
သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။-
ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောညီအစ်ကို တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါသည်။ တစ်ယောက် သည်သေဆုံး၍ ညီအငယ်ဆုံးသည်အဖနှင့် ခါနာန်ပြည်၌ရှိနေပါသည်' ဟုလျှောက်ကြ ပါသည်။-